နိုင်ငံတကာသတင်း

အန္တရာယ်ရှိ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ပါက အဓိကပစ်မှတ်များကို ဖျက်ဆီးပစ်မည်ဟု မြောက်ကိုရီးယားက တောင်ကိုရီးယားကို သတိပေး

အန္တရာယ်ရှိ စစ်ရေးလှုပ်ရှားမှုများ လုပ်ဆောင်ပါက အဓိကပစ်မှတ်များကို ဖျက်ဆီးပစ်မည်ဟု မြောက်ကိုရီးယားက တောင်ကိုရီးယားကို သတိပေး

မြောက်ကိုရီးယားအပေါ် တိုက်ခိုက်နိုင်စွမ်း ရှိသည်ဟူသော  တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီး၏ ပြောဆိုချက်ကို မြောက်ကိုရီးယား အစိုးရက ဧပြီ ၃ ရက်တွင် ပြစ်တင်ဝေဖန်လိုက်ပြီး တောင်ကိုရီးယား အနေဖြင့် လက်ဦးမှုယူ၍ တိုက်ခိုက်ခြင်းကဲ့သို့သော အန္တရာယ်ရှိသည့် စစ်ရေးလှုပ်ရှားမှုများကို လုပ်ဆောင်ပါက တောင် ကိုရီးယား၏ အဓိကပစ်မှတ်များကို ဖျက်ဆီးပစ်မည်ဟု မြောက်ကိုရီးယားက သတိပေး လိုက်သည်။

ရောဂါပိုးကူးစက်မှု ပြန်လည်မြင့်တက်လာမှုကြောင့် တရုတ်အားလပ်ရက် ခရီးသွား ရာသီအတွင်း ခရီးသွားလာမှုနှင့် လေယာဉ်ခရီးစဉ်များ ကျဆင်းဖွယ်ရှိ

ရောဂါပိုးကူးစက်မှု ပြန်လည်မြင့်တက်လာမှုကြောင့် တရုတ်အားလပ်ရက် ခရီးသွား ရာသီအတွင်း ခရီးသွားလာမှုနှင့် လေယာဉ်ခရီးစဉ်များ ကျဆင်းဖွယ်ရှိ

နိုင်ငံအတွင်း၌  ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်မှု ပြန်လည်မြင့်တက်လာခြင်းကြောင့် လာမည့် အားလပ်ရက်  ခရီးသွားရာသီ အတွင်း ခရီးသွားလာမှု ၂၀ ရာခိုင်နှုန်းနှင့် လေယာဉ်ခရီးစဉ် ၅၅ ရာခိုင်နှုန်းအထိ ကျဆင်းလာနိုင်သည်ဟု တရုတ်သယ်ယူ ပို့ဆောင်ရေး ဝန်ကြီးဌာနက ခန့်မှန်းထားသည်။

ရုရှားတွင် သမ္မတဗလာဒီမာပူတင်၏ လူထုထောက်ခံမှုနှုန်း မြင့်တက်

ရုရှားတွင် သမ္မတဗလာဒီမာပူတင်၏ လူထုထောက်ခံမှုနှုန်း မြင့်တက်

ယူကရိန်းအရေး စတင်ဖြစ်ပွားပြီးချိန်မှ စ၍ ရုရှားနိုင်ငံအတွင်း သမ္မတ ဗလာဒီမာပူတင်၏ လူထုထောက်ခံမှုနှုန်းမှာ မြင့်တက်လာခဲ့ကြောင်း ဘက်မလိုက်  စစ်တမ်းကောက်ယူရေး အဖွဲ့တစ်ဖွဲ့ဖြစ်သည့် Levada ကဖော်ပြသည်။

ပူတင်၏ လူထုထောက်ခံမှုနှုန်း  သို့မဟုတ် လူကြိုက်များမှု နှုန်းသည် ယခုနှစ်ဇန်နဝါရီလ အတွင်း၌ ၆၉ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း မတ်လတွင် ၈၃ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။

စွမ်းအင်လက်နက်ဖြစ်လာသည့် ရူဘယ်ငွေကြေးနှင့်ရုရှား၏ကုန်သွယ်ရေးကို အထောက်အကူပြုလာနိုင်သည့် SPFS ငွေကြေးလွှဲပြောင်းရေးစနစ်

ရုရှားနိုင်ငံအနေဖြင့် မိတ်ဆွေနိုင်ငံအဖြစ် ရပ်တည်နေခြင်းမရှိသော   နိုင်ငံများသို့ စွမ်းအင်တင်ပို့ရောင်းချရာတွင် ယင်းနိုင်ငံများအနေဖြင့် ရုရှားနိုင်ငံသုံးရူဘယ်ငွေကြေးဖြင့် ပေးချေရန် လိုအပ်မည်ဖြစ်ပြီး အဆိုပါ စည်းမျဉ်းသစ်များကို လိုက်နာခြင်းမရှိသည့် နိုင်ငံများသို့ ဓာတ်ငွေ့တင်ပို့မှုရပ်ဆိုင်းပစ်မည်ဟု ရုရှားအစိုးရအဖွဲ့မှ

ဥရောပသမဂ္ဂအဖွဲ့၏ ငွေကြေးဖောင်းပွမှုနှုန်း စံချိန်တင်မြင့်တက်

ဥရောပသမဂ္ဂအဖွဲ့၏ နှစ်စဉ်ငွေကြေးဖောင်းပွမှုနှုန်းသည် ယခုနှစ် မတ်လတွင်၇ ဒသမ ၅ ရာခိုင်နှုန်းအထိ    စံချိန်တင်မြင့်တက်လာကြောင်း ဥရောပသမဂ္ဂစာရင်းရုံးက ထုတ်ပြန်သည်။

နေတိုးတပ်ဖွဲ့ဝင်နိုင်ငံများက မီးနှင့်ကစားလျက်ရှိဟု ရုရှားပြော

နေတိုးတပ်ဖွဲ့သည် ယူကရိန်းနိုင်ငံသို့ လက်နက်ခဲယမ်းများ  ပေးပို့ခြင်းအားဖြင့်မီးနှင့်ကစားလျက်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရှိ  ဥရောပတစ်ဝန်းလုံးဆိုင်ရာ  ပူးပေါင်းဆောင်ရွက်ရေးဌာနမှ ညွှန်ကြားရေးမှူး နီကိုလေးကိုဘရီနက်က ပြောသည်။

ယီမင်နိုင်ငံတွင်ဖြစ်ပွားနေသည့်စစ်ဆင်ရေးများ နှစ်လကြာ ရပ်ဆိုင်းထားမည့် အစီအစဉ်ကို အီရန်ကြိုဆို

ယီမင်နိုင်ငံတွင်ဖြစ်ပွားနေသည့် စစ်ဆင်ရေးများကို  နှစ်လကြာရပ်ဆိုင်းထားမည့် ကုလသမဂ္ဂ၏  ကနဦးဆောင်ရွက်ချက်ကို အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ၂ ရက်တွင် ကြိုဆိုလိုက်ကြောင်း  သိရသည်။

သီရိလင်္ကာနိုင်ငံတွင် အစိုးရက အရေးပေါ် အခြေအနေတစ်ရပ် ထုတ်ပြန်လိုက်ပြီးနောက် လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို ဖြန့်ကြက်

သီရိလင်္ကာနိုင်ငံတွင် အစိုးရက အရေးပေါ် အခြေအနေတစ်ရပ် ထုတ်ပြန်လိုက်ပြီးနောက် ဧပြီ ၂ ရက်တွင်  လက်နက်ကိုင်တပ်ဖွဲ့ဝင်များကို အာဏာပိုင်များက ဖြန့်ကြက်လိုက်ကြောင်း သိရသည်။

အိန္ဒိယသမုဒ္ဒရာဒေသရှိ နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်လုပ်ဆောင်မည့် အိန္ဒိယ

အိန္ဒိယအစိုးရသည် သီရိလင်္ကာ၊ မော်လ်ဒိုက်နိုင်ငံတို့နှင့် ဆက်ဆံရေးတိုးတက်လာစေရေးအတွက် စတင်ခြေလှမ်းလာနေပြီဖြစ်သည်။  အိန္ဒိယပြည်ပရေးရာဝန်ကြီး အက်ဂျာအီရှန်ကာသည် အဆိုပါ နှစ်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ရန် ကိုလံဘိုမြို့သို့   ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက ရောက်ရှိလာခဲ့သည်။ အိန္ဒိယအစိုးရသည်   အထူးသဖြင့် သီရိလင်္ကာနိုင်င

ကလေးသူငယ်များအတွက် ဘေးအန္တရာယ်ဖြစ်ပေါ်စေသည့်နိုင်ငံအဖြစ်သို့ ရောက်မှန်းမသိရောက်ရှိလာသည့် အာဖဂန်နစ္စတန်

အာဖဂန်နစ္စတန်၌    ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်း ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ပြီး ယင်းပေါက်ကွဲမှုများအတွင်း ကလေးသူငယ်အတော်များများ     သေဆုံးခဲ့ရသည်။    အဆိုပါ ပေါက်ကွဲမှုများသည် ဟီရက်မြို့နှင့် နိုင်ငံတောင်ပိုင်းရှိ ဟဲမန်းပြည်နယ်တို့၌  ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။နိုင်ငံအနောက်ပိုင်းရှိ ဟီရက်မြို့၌ ဖြစ်ပွားသည့် ပေါက်ကွဲမှုက