နိုင်ငံတကာသတင်း

အနောက်အုပ်စုများ၏ အရေးယူပိတ်ဆို့မှု တရားမဝင်ဘဲ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလိုဖြစ်ဟု ရုရှားနှင့် တရုတ်အပြစ်တင် ရှုတ်ချ

အနောက်အုပ်စုများ၏ အရေးယူပိတ်ဆို့မှု တရားမဝင်ဘဲ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သလိုဖြစ်ဟု ရုရှားနှင့် တရုတ်အပြစ်တင် ရှုတ်ချ

ရုရှားနိုင်ငံအပေါ်အနောက်အုပ်စုများက ချမှတ်သော အရေးယူပိတ်ဆို့မှုများသည် တရားမဝင်ကြောင်းနှင့်    ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်သကဲ့သို့ ဖြစ်စေမည်ဖြစ်ကြောင်း ရုရှားနှင့်တရုတ်တို့က အပြစ်တင် ရှုတ်ချသည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်သည်။

လုံခြုံရေး အာမခံချက် ပေးပါက ကြားနေနိုင်ငံအဖြစ် ရပ်တည်မည်ဟု ယူကရိန်းဘက်က တရားဝင် အဆိုပြု

လုံခြုံရေး အာမခံချက် ပေးပါက ကြားနေနိုင်ငံအဖြစ် ရပ်တည်မည်ဟု ယူကရိန်းဘက်က တရားဝင် အဆိုပြု

သက်ဆိုင်ရာနိုင်ငံများက ယူကရိန်းနိုင်ငံ၏ လုံခြုံရေးအတွက် အာမခံချက်ပေးပါက ကြားနေနိုင်ငံအဖြစ် ရပ်တည်မည်ဟု ယူကရိန်း အစိုးရတာဝန်ရှိသူများက    တရားဝင်အဆိုပြုလာကြောင်း သိရသည်။

ယူကရိန်း တာဝန်ရှိသူများသည် မတ် ၂၉ ရက်တွင် တူရကီနိုင်ငံ အစ္စတန်ဘူမြို့၌ ပြုလုပ်သော ရုရှား တာဝန်ရှိသူများနှင့် ဆွေးနွေးပွဲတွင် ယခုကဲ့သို့ အဆိုပြုခြင်း ဖြစ်သည်။

အိန္ဒိယက သီရိလင်္ကာအတွက် လေအားလျှပ်စစ်စက်ရုံ သုံးလုံး တည်ဆောက်ပေးမည်

အိန္ဒိယက သီရိလင်္ကာအတွက် လေအားလျှပ်စစ်စက်ရုံ သုံးလုံး တည်ဆောက်ပေးမည်

အိန္ဒိယအစိုးရက  သီရိလင်္ကာနိုင်ငံ အတွက် လေအားလျှပ်စစ်စက်ရုံ  သုံးလုံး တည်ဆောက်ပေးမည်ဖြစ်ကြောင်းနှင့် ထိုစက်ရုံများကို နှစ်နိုင်ငံကြားရှိ ကျွန်းငယ်များတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း တာဝန်ရှိသူများက မတ် ၂၉ ရက်တွင် ပြောသည်။

ဂျိုးဘိုင်ဒင်က စစ်အသုံးစရိတ်အတွက် ဒေါ်လာ  ၈၁၃ ဒသမ ၃ ဘီလီယံအထိ စံချိန်တင် တိုးမြှင့်တောင်းခံ

ဂျိုးဘိုင်ဒင်က စစ်အသုံးစရိတ်အတွက် ဒေါ်လာ  ၈၁၃ ဒသမ ၃ ဘီလီယံအထိ စံချိန်တင် တိုးမြှင့်တောင်းခံ

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ၂၀၂၃ ခုနှစ် စစ်အသုံးစရိတ်အတွက် ဒေါ်လာ ၈၁၃ ဒသမ ၃ ဘီလီယံအထိ  စံချိန်တင်တိုးမြှင့် တောင်းခံကြောင်း သိရသည်။

အဆိုပါပမာဏသည်  ၂၀၂၂ ခုနှစ် အတွက်ခွင့်ပြုခဲ့သည့် စစ်အသုံးစရိတ်ထက် ဒေါ်လာ ၃၁ ဘီလီယံ ပိုများနေသည်ကို တွေ့ရသည်။

ပြန်လည်ထူထောင်ရေး လုပ်နေသည့် သြစတြေးလျအရှေ့ပိုင်း ဒေသမုန်တိုင်းများ တိုက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

ပြန်လည်ထူထောင်ရေး လုပ်နေသည့် သြစတြေးလျအရှေ့ပိုင်း ဒေသမုန်တိုင်းများ တိုက်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ

    ပြီးခဲ့သည့် သီတင်းပတ်များစွာအတွင်း ဖြစ်ပွားသော စံချိန်တင်ရေကြီးမှုများ ပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် သြစတြေးလျနိုင်ငံ အရှေ့ပိုင်းဒေသသည် မုန်တိုင်းများ တိုက်ခတ်မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်းသိရသည်။

ထို့ကြောင့်   အဆိုပါဒေသရှိပြည်သူ ထောင်ပေါင်းများစွာ အနေဖြင့် နေအိမ်များမှ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရန် တာဝန်ရှိသူများက တိုက်တွန်းထားသည်။

ရုရှားက လက်တုံ့ပြန်သည့် အနေဖြင့် ဘောတစ်ဒေသ သုံးနိုင်ငံမှ သံတမန် ၁၀ ဦးကို နှင်ထုတ်

ရုရှားက လက်တုံ့ပြန်သည့် အနေဖြင့် ဘောတစ်ဒေသ သုံးနိုင်ငံမှ သံတမန် ၁၀ ဦးကို နှင်ထုတ်

ရုရှားအစိုးရက    ၎င်းနိုင်ငံအပေါ် လုပ်ဆောင်မှုကို လက်တုံ့ပြန်သည့်အနေဖြင့် ဘောတစ်ဒေသ သုံးနိုင်ငံမှ သံတမန် ၁၀ ဦး ကို မတ် ၂၉ ရက်တွင် နှင်ထုတ်လိုက်ကြောင်း သိရသည်။

အဆိုပါသံတမန် ၁၀ ဦးမှာ အက်စတိုး နီးယားနှင့် လတ်ဗီးယားနိုင်ငံတို့မှ သံတမန် သုံးဦးစီနှင့် လစ်သူရေးနီးယား နိုင်ငံမှ သံတမန် လေးဦးတို့ဖြစ်သည်။

IS အဖွဲ့၏တိုက်ခိုက်မှုကြောင့် အစ္စရေး ရဲနှစ်ဦးသေဆုံး

IS အဖွဲ့၏တိုက်ခိုက်မှုကြောင့် အစ္စရေး ရဲနှစ်ဦးသေဆုံး

အမေရိကန်နှင့် အာရပ်ထိပ်သီး သံတမန်များက ဒေသတွင်း အစည်းအဝေးအတွက် အစ္စရေးနိုင်ငံသို့ ရောက်ရှိနေစဉ်   မတ် ၂၇ ရက်ညပိုင်းတွင် ဟာဒဲရာမြို့၌  IS စစ်သွေးကြွအဖွဲ့၏   တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦး သေဆုံးကြောင်း   သိရသည်။

စစ်သွေးကြွနှစ်ဦးသည် ဟာဒဲရာမြို့ရှိ ဟားဘတ်ဆမ်မြူရယ်လမ်းသို့ ရောက်ရှိလာပြီး လမ်းအတွင်းရှိ ရဲတပ်ဖွဲ့ဝင်များကို စတင်ပစ်ခတ် တိုက်ခိုက်ကြောင်း  ရဲတပ်ဖွဲ့ကပြောသည်။

ရုရှားနှင့်ကုန်သွယ်မှုတွင် ဒေါ်လာ အသုံးပြုမှုကို ရှောင်ရှားရန် အိန္ဒိယ အသင့်ပြင်ဆင်

ရုရှားနှင့်ကုန်သွယ်မှုတွင် ဒေါ်လာ အသုံးပြုမှုကို ရှောင်ရှားရန် အိန္ဒိယ အသင့်ပြင်ဆင်

ရုရှားနိုင်ငံနှင့် ကုန်သွယ်မှုတွင် အမေရိကန်ဒေါ်လာ အသုံးပြုမှုကို ရှောင်ရှားရန် အိန္ဒိယနိုင်ငံက အသင့်ပြင်ဆင်ထားကြောင်းနှင့် ရူပီး-ရူဘယ် တိုက်ရိုက်ငွေပေးချေမှုစနစ်ကို ယခုသီတင်းပတ်တွင် စတင်နိုင်ကြောင်း အိန္ဒိယပို့ကုန် အဖွဲ့အစည်းများအဖွဲ့ ဥက္ကဋ္ဌကပြောသည်။

အဆိုပါတိုက်ရိုက် ငွေပေးချေမှုစနစ်ကြောင့် နှစ်နိုင်ငံစလုံးအနေဖြင့် အမေရိကန်ဒေါ်လာ အသုံးပြုရမှုကို ရှောင်ရှားနိုင်စေမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ ဆက်သီဗယ်ကပြောသည်။

အစ္စရေးဝန်ကြီးချုပ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် ကိုဗစ်ကူးစက်ခံရ

အစ္စရေးဝန်ကြီးချုပ် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံပြီးနောက် ကိုဗစ်ကူးစက်ခံရ

အစ္စရေးဝန်ကြီးချုပ် နက်ဖတာလီဘန်းနက်သည် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်နှင့် တွေ့ဆုံပြီးနောက် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရသည်

ကိုတွေ့ရကြောင်း ဝန်ကြီးချုပ်ရုံးက မတ် ၂၈ ရက်တွင်ထုတ်ပြန်သည်။

အစ္စရေးဝန်ကြီးချုပ်သည်   အစ္စရေး-အာရပ် ထိပ်တန်းသံတမန်များ သမိုင်းဝင် ညီလာခံ၏ ဘေးပန်းတွေ့ဆုံမှုအဖြစ် မတ် ၂၇ ရက်တွင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးနှင့် တွေ့ဆုံခြင်းဖြစ်သည်။

ဗလာဒီမာပူတင်က မိတ်ဆွေမဟုတ်သော နိုင်ငံများအနေဖြင့် ရုရှားမှသဘာဝဓာတ်ငွေ့ကို ရူဘယ်ငွေဖြင့် စဝယ်ရမည့်နေ့ရက် သတ်မှတ်

ဗလာဒီမာပူတင်က မိတ်ဆွေမဟုတ်သော နိုင်ငံများအနေဖြင့် ရုရှားမှသဘာဝဓာတ်ငွေ့ကို ရူဘယ်ငွေဖြင့် စဝယ်ရမည့်နေ့ရက် သတ်မှတ်

ရုရှားသမ္မတဗလာဒီမာပူတင်က မိတ်ဆွေမဟုတ်သော နိုင်ငံများအနေဖြင့် ရုရှားနိုင်ငံမှ သဘာဝဓာတ်ငွေ့ ဝယ်ယူမှုကို ရူဘယ်ငွေဖြင့် စဝယ်ရမည့်နေ့ရက် သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း သိရသည်။