နိုင်ငံတကာသတင်း

သီရိလင်္ကာက ကာလရှည်ဗီဇာများ ထုတ်ရောင်းမည်

အစားအစာနှင့်စက်သုံးဆီ   ဝယ်ယူရေးအတွက် ပြည်ပငွေကြေးရှားပါးမှုနှင့် ရင်ဆိုင်နေရသည့် သီရိလင်္ကာနိုင်ငံက  ကာလရှည်ဗီဇာများကို ထုတ်ရောင်းမည် ဖြစ်ကြောင်း ဧပြီ ၂၆ ရက်တွင်ထုတ်ပြန် ကြေညာသည်။

တရုတ်က စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးအတွက် အခြေခံအဆောက်အအုံများ တိုးမြှင့်ဆောက်လုပ်မည်

တရုတ်နိုင်ငံအနေဖြင့်  စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်တွင်းဝယ်လိုအား မြင့်မားလာစေရေးအတွက် အခြေခံအဆောက်အအုံများ တိုးမြှင့်ဆောက်လုပ်မည် ဖြစ်ကြောင်း     သမ္မတရှီကျင့်ဖျင်၏ ပြောဆိုချက်ကို ကိုးကား၍  နိုင်ငံပိုင်သတင်းဌာနက ဧပြီ ၂၆ ရက်တွင် ဖော်ပြထားသည်။

ဗီယက်နမ်က ၂၀၃၀ ပြည့်နှစ် အရောက်တွင် စွမ်းအင်ပမာဏကို ယခုထက်နှစ်ဆ ထုတ်လုပ်မည်

ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၃၀ ပြည့်နှစ်အရောက်တွင်  စွမ်းအင်ပမာဏကို  ယခုထက် နှစ်ဆဖြစ်သည့် ၁၄၆၀၀၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်သွားမည် ဖြစ်ကြောင်း အစိုးရက  ဧပြီ  ၂၆  ရက်တွင် ထုတ်ပြန်သည်။

တတိယကမ္ဘာစစ်ဖြစ်စေနိုင်သည့် အန္တရာယ်အစစ်နှင့် ပတ်သက်၍ ရုရှားသတိပေး

ယူကရိန်းနိုင်ငံသို့ စစ်လက်နက်ပစ္စည်းများ ပေးပို့ရေးအတွက် အမေရိကန်နှင့်မဟာမိတ်နိုင်ငံများမတွေ့ဆုံမီတွင် တတိယကမ္ဘာစစ်ဖြစ်စေနိုင်သည့်  အန္တရာယ်အစစ်နှင့် ပတ်သက်၍ ရုရှားက သတိပေးလိုက်ကြောင်း သိရသည်။

မြောက်ကိုရီးယားက စစ်ရေးပြအခမ်းအနားတွင် တိုက်ချင်းပစ်ဒုံးကျည်များကိုထည့်သွင်းပြသ

မြောက်ကိုရီးယားနိုင်ငံက တပ်မတော်ကို တည်ထောင်သည့်   အထိမ်းအမှတ်နေ့၌ ကျင်းပသော စစ်ရေးပြအခမ်းအနားတွင် တိုက်ချင်းပစ်အမြင့်ပျံ ဒုံးကျည်များ (ICBM)နှင့် အခြားလက်နက်များကို ထည့်သွင်းပြသကာ နျူကလီးယား လက်နက်ထုတ်လုပ်မှုကို တိုးမြှင့်သွားမည်ဟု နိုင်ငံပိုင်သတင်းဌာနက ဧပြီ ၂၆ ရက်တွင်ဖော်ပြသည်။

ပါကစ္စတန်၌ အမျိုးသမီးတစ်ဦးက အသေခံဗုံးခွဲတိုက်ခိုက်

ပါကစ္စတန်နိုင်ငံရှိ ခွဲထွက်ရေးအဖွဲ့တစ်ဖွဲ့မှ အမျိုးသမီးတစ်ဦးသည် ဧပြီ ၂၆ ရက် တွင် ကရာချိတက္ကသိုလ်မှဝန်ထမ်းများကို တင်ဆောင်လာသည့် ကားသေးတစ်စီးကို အသေခံဗုံးခွဲတိုက်ခိုက်ရာ လူလေးဦးသေဆုံးကြောင်း သိရသည်။

အိန္ဒိယက ရုရှားမှ ကုတ်ကျောက်မီးသွေး ပြန်လည်တင်သွင်းမည်

ရုရှားနဲ့အိန္ဒိယတာဝန်ရှိသူများက ပြီးခဲ့တဲ့ သီတင်းပတ်မှာ တွေ့ဆုံပြီး အိန္ဒိယက ရုရှားမှ ကုတ်ကျောက်မီးသွေးတွေ ပြန်လည်တင်ပို့မယ့် အစီအစဉ်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ပါတယ်။

ထိုင်းနိုင်ငံ၌ ပြည်တွင်းမော်တော်ကား ရောင်းချရမှုမြင့်တက်လာ

ထိုင်းနိုင်ငံမှာ ပြည်တွင်းမော်တော်ကားရောင်းချရမှုပမာဏက မတ်လအတွင်း မြင့်တက်လာတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့နှစ်မတ်လနဲ့နှိုင်းယှဉ်ရင်တော့ ပမာဏအားဖြင့် ၈၇၂၄၅ စီးအထိရောင်းချရပြီး ရာခိုင်နှုန်းအားဖြင့် ၉ ဒသမ ၁ ရာခိုင်နှုန်းမြင့်တက်လာတာပါ။

လိုအပ်တဲ့အချိန် လိုအပ်တဲ့နေရာမှာ စွမ်းအင်ပေးနိုင်ဖို့ နေရောင်ခြည်စွမ်းအင်ကို ၁၈ နှစ်ကြာ သိမ်းထားနိုင်တော့မှာပါ

နေရောင်ခြည်စွမ်းအင်ဆိုတာ အင်မတန်မှ သန့်ရှင်းတဲ့ စွမ်းအင်ဖြစ်ပြီး ယနေ့ဖြစ်ပေါ်နေတဲ့ ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးမှာ   ရှေ့တန်းကနေ ပါဝင်လာတဲ့ စွမ်းအင်တစ်မျိုးဆိုရင်လည်း မမှားပါဘူး။

အမေရိကန်ရှိ ရုရှားသံရုံးလုပ်ငန်းများ ပိတ်ဆို့ခံထားရ

အမေရိကန်နိုင်ငံရှိ ရုရှားသံရုံး၏ လုပ်ငန်းများ ဆောင်ရွက်မှု ဟန့်တားပိတ်ဆို့ ခံထားရသည့်အပြင် ဘဏ်အကောင့်များလည်း ထိန်းချုပ်ခံထားရကာ သံရုံးဝန်ထမ်းများ အနေဖြင့် ခြိမ်းခြောက်ခံနေရကြောင်း အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီး အန်နာတိုလီအန်တိုနော့၏ ပြောဆိုချက်ကို ကိုးကား၍ ရုရှားနိုင်ငံပိုင် RIA သတင်းဌာနက  ဧပြီ ၂၄ ရက်တွင်