နိုင်ငံတကာသတင်း

အီရန်နိုင်ငံအလယ်ပိုင်း၌ မီးရထားတစ်စင်းလမ်းချော် လူ ၁၇ ဦးသေဆုံး

အီရန်နိုင်ငံ အလယ်ပိုင်း၌ ဇွန် ၈ ရက်တွင် မီးရထားတစ်စင်း လမ်းချော်မှုကြောင့် အနည်းဆုံးလူ ၁၇ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိကြောင်း သိရသည်။

ဂျာမနီ၌စားသောက်ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာ နိုင်သည်ဟုဆို

ဂျာမနီနိုင်ငံအတွင်း စားသောက်ကုန်ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင်သည်ဟု ဂျာမန်လယ်သမားများ အဖွဲ့အစည်းက ဇွန် ၈ ရက်တွင်   သတိပေးထားကြောင်း သိရသည်။

အင်ဒိုနီးရှားအစိုးရက နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများကို ငွေလုံးငွေရင်း စိုက်ထုတ်ပေးမည်

အင်ဒိုနီးရှားနိုင်ငံရဲ့   နိုင်ငံပိုင်စီးပွားရေး လုပ်ငန်းများ ဝန်ကြီးဌာနက ၂၀၂၃ ခုနှစ်မှာ အဲဒီစီးပွားရေး လုပ်ငန်းတချို့ကို   ငွေလုံးငွေရင်း စိုက်ထုတ်ပေးဖို့အတွက် လွှတ်တော်ရဲ့ အတည်ပြုချက်ကို တောင်းခံ ထားပါတယ်။

ထိုင်းနိုင်ငံ၌ အခြေခံကုန်ဈေးနှုန်းမြင့်တက်မှု ၁၃ နှစ်အတွင်း အမြင့်ဆုံးရောက်ရှိ

ထိုင်းနိုင်ငံမှာ  မေလအတွက်အခြေခံကုန်ဈေးနှုန်းမြင့်တက်မှုက ၁၃ နှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိ လာတယ်လို့  ကုန်သွယ်ရေးမူဝါဒနဲ့  မဟာဗျူဟာရုံးက ထုတ်ပြန်လိုက်ပါတယ်။

ဖိလစ်ပိုင်က ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်ဖို့ အခွန်ကို ဆက်လက်လျှော့ချ

ဖိလစ်ပိုင်အစိုးရက နိုင်ငံအတွင်းဖြစ်ပွားနေတဲ့ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ထိန်းချုပ်နိုင်ဖို့အတွက် ပြည်ပကနေ တင်သွင်းလာတဲ့ ကုန်စည်များအပေါ် အခွန်ကောက်ခံမှုကို ဆက်လက် လျှော့ချသွားမယ်လို့ သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်ရှိ ကုန်သေတ္တာဝင်းမီးလောင်မှု မီးသတ်သမားကိုးဦးအပါအဝင် သေဆုံးသူ ၄၉ ဦးအထိမြင့်တက်

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ကုန်သေတ္တာဝင်းတစ်ခု၌ ဇွန် ၅ ရက်တွင် မီးလောင်မှုဖြစ်ပွားရာ မီးသတ်သမားကိုးဦး အပါအဝင် သေဆုံးသူ ၄၉ ဦးအထိမြင့်တက်လာကြောင်းနှင့် ထိုဝင်းအတွင်းဓာတုပစ္စည်းများ သိုလှောင်ထားသည်ကို သတင်းမပို့သည့် အဆိုပါ ဝင်းတာဝန်ရှိသူများကို အစိုးရတာဝန်ရှိသူများက ဇွန် ၆ ရက်တွင် အပြစ်တင်ထားကြောင်း သိရသည်။

သြစတြေးလျအနေဖြင့် ဆိုးဝါးသော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု တရုတ်သတိပေး

တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက်ပျံသန်းသည့်    သြစတြေးလျ ကင်းထောက်လေယာဉ်ကို တရုတ်လေတပ်မှ တိုက်လေယာဉ်တစ်စင်းက   ကြားဖြတ်လိုက်ရပြီးနောက် သြစတြေးလျအနေဖြင့် ထိုသို့ဆက်လုပ်နေပါက ဆိုးဝါးသော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၆ ရက်တွင် သတိပေးလိုက်ကြောင်း သိရသည်။

ဆော်ဒီက အာရှဒေသအတွက် ရေနံဈေးနှုန်းရုတ်တရက်တိုးမြှင့်

လောင်စာဆီဈေးမြင့်တက်ဆော်ဒီအာရေဗျနိုင်ငံရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးဖြစ်သော ဆော်ဒီအာရမ်

အမေရိကန်အနေဖြင့် ယူကရိန်းသို့ တာဝေးပစ်ဒုံးများထောက်ပံ့ပါက ထိုပစ်မှတ်များကို တိုက်ခိုက်မည်ဟု ပူတင်သတိပေး

အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးပါက    ထိုပစ်မှတ် အသစ်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က သတိပေးလိုက်သည်ဟု  Tass သတင်းဌာနက ဇွန် ၅ ရက်တွင် ဖော်ပြထားသည်။

ရုရှားက တရုတ်သို့ သဘာဝဓာတ်ငွေ့တိုးမြှင့်တင်ပို့ပေးနေ

ရုရှားနိုင်ငံရှိ ဂက်ဇပရွမ်စွမ်းအင်ကုမ္ပဏီက  ဆိုက်ဘေးရီးယားပိုက်လိုင်း မှတစ်ဆင့် တရုတ်နိုင်ငံသို့  သဘာဝဓာတ်ငွေ့ တိုးမြှင့်တင်ပို့ပေးနေကြောင်း သိရသည်။