နိုင်ငံတကာသတင်း

အင်ဒိုနီးရှားသမ္မတ မော်စကိုသို့သွားပြီး ရုရှားသမ္မတနှင့်တွေ့ဆုံမည်

ဂျကာတာ၊ နိုင်ငံရေး

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုအနေဖြင့် ရုရှားနိုင်ငံ မော်စကိုမြို့သို့သွားပြီး ဇွန် ၃၀ ရက်တွင် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တွေ့ဆုံ ဆွေးနွေးသွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါခရီးစဉ်သည် အလွန်အရေးကြီးသည့်ခရီးစဉ် ဖြစ်လာမည်ဖြစ်ကြောင်းနှင့် ရုရှားအစိုးရအနေဖြင့် ထိုခရီးစဉ်အတွက် ယခု ကတည်းက ကြိုတင်ပြင်ဆင်နေကြောင်း ရုရှားအစိုးရသတင်းအရင်းအမြစ်တစ်ခုကိုကိုးကား၍ Tass သတင်းဌာနက ဖော်ပြထား သည်။

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း၌ သေနတ်သမားများက လူ ၄၀ ဦးကိုဖမ်းဆီး

လာဂို့၊ အကြမ်းဖက်မှု

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းရှိ ဇမ်ဖာရာပြည်နယ်တွင် ဓားပြများဟုယူဆရသည့် အမည်မသိသေနတ်သမားများက လူ ၄၀ ဦးကို ဖမ်းဆီးသွားကြောင်း ရဲတပ်ဖွဲ့က ဇွန် ၁၃ ရက်တွင်ထုတ်ပြန်သည်။

ဂျပန်အစိုးရအပေါ် တစ်နိုင်ငံလုံးရှိလူထုထောက်ခံမှုနှုန်းကျဆင်း

တိုကျို၊ နိုင်ငံရေး

ဝန်ကြီးချုပ်ဖူမီယိုကီရှီဒါ ဦးဆောင်သည့် ဂျပန်အစိုးရသည် တစ်နိုင်ငံလုံးရှိ လူထုထောက်ခံမှုနှုန်း ကျဆင်းလာခဲ့ကြောင်း လူထု သဘောထား စစ်တမ်းတစ်ရပ်တွင် ဇွန် ၁၃ ရက်က ဖော်ပြသည်။

စပိန်နိုင်ငံမြောက်ပိုင်းတွင် မီးရထားနှစ်စင်းတိုက်မိ၊ လူ ၃၀ ခန့်ဒဏ်ရာရရှိ

မက်ဒရစ်၊ မတော်တဆမှု

စပိန်နိုင်ငံမြောက်ပိုင်း တာရာဂိုနာပြည်နယ်တွင် ခရီးသည်တင်မီးရထားနှင့် ကုန်တင်မီးရထားတစ်စင်းတို့ တိုက်မှုဖြစ်ပွားရာ လူ ၃၀ ခန့် ဒဏ်ရာရရှိသွားပြီး ၎င်းတို့အနက် နှစ်ဦးမှာ စိုးရိမ်ရသည့် အခြေအနေရှိကြောင်း သိရသည်။

အဆိုပါ မတော်တဆမှုသည် ဘာဆီလိုနာမြို့တောင်ပိုင်းရှိ ဗီလာဆီကာမြို့အနီးတွင် ဇွန် ၁၂ ရက်ဒေသစံတော်ချိန် ည ၉ နာရီ မိနစ် ၅၀ က ဖြစ်ပွားခြင်းဖြစ်ကြောင်း အရေးပေါ်ဌာနက ပြောသည်။ ခရီးသည်တင်မီးရထားပေါ်တွင် ခရီးသည် ၇၅ ဦးလိုက်ပါလာကြောင်း သိရသည်။

တစ်ကမ္ဘာလုံးရှိ နျူကလီးယားလက်နက်အရေအတွက် မြင့်တက်လာဖွယ်ရှိဟု စတော့ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသန အဖွဲ့ဆို

စတော့ဟုမ်း၊ လက်နက်နည်းပညာ

တစ်ကမ္ဘာလုံးရှိ နျူကလီးယားလက်နက်အရေအတွက်သည် မကြာမီနှစ်များအတွင်း မြင့်တက်လာဖွယ်ရှိပြီး ယင်းလက်နက်များကို အသုံးပြုမည့် အလားအလာမှာ ဆယ်စုနှစ်များအတွင်း အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိလာကြောင်း စတော့ဟုမ်း နိုင်ငံတကာ ငြိမ်းချမ်းရေးသုတေသနအဖွဲ့ကြီးက ဇွန် ၁၃ ရက်တွင် ထုတ်ပြန်သည်။

ဒေသတွင်းမှာ ပင်မတိုက်ယာဉ်များအဖြစ် အချိန်တိုအတွင်းရောက်ရှိလာတဲ့ဘက်စုံသုံးတိုက်ယာဉ်များ(၂)

Type 96 နေရာကို အစားထိုးဖို့ စီစဉ်နေတဲ့ဂျပန် ဂျပန်မြေပြင်   ကိုယ့်ကိုယ်ကိုယ်ကာကွယ်ရေးတပ်ဖွဲ့က လက်ရှိအသုံးပြုနေတဲ့ Type 96 သံချပ်ကာ လူသယ်ယာဉ်နေရာကို  အစားထိုးနိုင်မယ့်   ဒီဇိုင်းသုံးခုကို ရွေးချယ်ထားတယ်လို့ မနှစ်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

နှစ်နိုင်ငံကြား ဆက်ဆံရေးနှင့် ကုန်သွယ်မှု တိုးတက်လာစေမည့် ရုရှား-တရုတ် နယ်စပ်ဖြတ်ကျော်ရေး တံတားဖွင့်လှစ်မှု

ရုရှားနှင့်တရုတ်တို့သည် ၎င်းတို့နှစ်နိုင်ငံနယ်စပ်၌ တည်ဆောက်နေသော နယ်စပ်ဖြတ်ကျော်ရေး တံတားတစ်စင်းကို   ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက  ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

ကိုရီးယားကျွန်းဆွယ်ပေါ်၌ တင်းမာမှုများ တစ်ဖန်မြင့်တက်လာစေနိုင်သည့် မြောက်ကိုရီးယား၏ (၁၈ ) ကြိမ်မြောက် ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှု

ကိုရီးယားကျွန်းဆွယ်ပေါ်၌  တင်းမာမှုများ မြင့်တက်နေစဉ်  မြောက်ကိုရီးယားနိုင်ငံက ၎င်းတို့၏ အကြီးမားဆုံးဟု ဆိုနိုင်သော   ဒုံးကျည်စမ်းသပ်မှုကြီး တစ်ရပ်ကို ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်းက    လုပ်ဆောင်ခဲ့သည်။

နိုင်ငံအတွင်းသို့ ပြည်ပခရီးသွား ဧည့်သည်များ ပြန်လည်ဝင်ရောက်ခွင့်ကို အပြည့်အဝဖြေလျှော့ပေးရေး လုပ်ဆောင်ရန် လိုအပ် လာသည့်ဂျပန်

နိုင်ငံအတွင်းသို့ ပြည်ပခရီးသွား ဧည့်သည်များ ပြန်လည်ဝင်ရောက်ခွင့်ကို အပြည့်အဝဖြေလျှော့ပေးရေး လုပ်ဆောင်ရန် လိုအပ် လာသည့်ဂျပန်

ဂျပန်နိုင်ငံသည်  ကိုဗစ်-၁၉ ရောဂါကူးစက်မှု ထိန်းချုပ်ရေး တင်းကျပ်မှုများကို တဖြည်းဖြည်း   လျှော့ချလာပြီဖြစ်သောကြောင့် အစိုးရ အနေဖြင့် နယ်စပ်ဒေသရှိဝင်ပေါက်များအပေါ်   ချမှတ်ထားသည့် တင်းကျပ်မှုများကိုပါ   ဖြေလျှော့ပေးရန် စီးပွားရေး လုပ်ငန်းရှင်များ က ပူးတွဲကြေညာချက်တစ်ရပ်ကို ထုတ်ပြန်လိုက်သည်။

ရုရှားက အာရှဒေသသို့ ရေနံကိုတိုးမြှင့်တင်ပို့ပေးနေ

ရုရှားနိုင်ငံက နိုင်ငံအရှေ့ပိုင်းရှိ ကော့ဇမီနိုဆိပ်ကမ်းမှနေ၍ အာရှဒေသရှိနိုင်ငံများသို့ ရေနံကို တိုးမြှင့်တင်ပို့ ပေးလျက်ရှိကြောင်း သိရသည်။