နိုင်ငံတကာသတင်း

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်တစ်စီး ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိ

ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ်တစ်စီး ချစ်ကြည်ရေးခရီး လည်ပတ်ရန် ရန်ကုန်မြို့သို့ ရောက်ရှိ

နေပြည်တော်၊ ၂၀၂၄ မတ် ၁

   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သို့ ချစ်ကြည်ရေးခရီး လည်ပတ်ရန် ထိုင်းဘုရင့်ရေတပ်မှ စစ်ရေယာဉ် HTMS Prachuap Khiri Khan (OPV-552) သည် ယနေ့နံနက်ပိုင်းတွင်ရန်ကုန်မြို့၊ သီလဝါဆိပ်ကမ်းသို့ ရောက်ရှိရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊စစ်သည်များနှင့် မြန်မာနိုင်ငံဆိုင်ရာ ထိုင်းရေတပ် စစ်သံမှူးတို့က ကြိုဆိုနှုတ်ဆက်ကြသည်။

လေထုညစ်ညမ်းမှုနှင့် ရာသီဥတု ပူပြင်းမှုကြောင့် မိုးခေါင်ခြင်းကို တိုက်ဖျက်ရန် ထိုင်းက မိုးအတုဖန်တီးမည်

 

လေထုညစ်ညမ်းမှုနှင့် ရာသီဥတု ပူပြင်းမှုကြောင့် မိုးခေါင်ခြင်းကို တိုက်ဖျက်ရန် ထိုင်းက မိုးအတုဖန်တီးမည်

 

    ထိုင်းအစိုးရသည် နိုင်ငံအတွင်း၌ဖြစ်ပွား သည့် လေထုညစ်ညမ်းမှုနှင့် ရာသီဥတုပူပြင်း ခြောက်သွေ့မှုကြောင့် မိုးခေါင်ခြင်းကို တိုက်ဖျက်ရန်အတွက် လူသားဖန်တီးထားသည့် မိုးတိမ်များဖြစ်ပေါ်စေရန်နှင့် မိုးအတုရွာသွန်းစေရန် အတွက် လေယာဉ်အစင်းပေါင်း ၃၀ ကိုအသုံးပြုမည် ဖြစ်ကြောင်း သိရသည်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း ပါလက်စတိုင်း သေဆုံးသူ ၃၀၀၀၀ ကျော်အထိ မြင့်တက်

 

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း ပါလက်စတိုင်း သေဆုံးသူ ၃၀၀၀၀ ကျော်အထိ မြင့်တက်

 

    အနောက်ဘက်ကမ်းခြေဒေသရှိ  ဂါဇာစီးတီးတွင် အကူအညီများ ရရှိရေးအတွက် စောင့်ဆိုင်းနေသည့်    ပါလက်စတိုင်း လူအုပ်အတွင်းသို့  အစ္စရေးတပ်များက ဖေဖော်ဝါရီလ  ၂၉ ရက်တွင် ပစ်ခတ်တိုက်ခိုက်ရာ လူ ၁၀၀ ကျော် သေဆုံးခဲ့ခြင်းကြောင့် အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် သေဆုံးသူ  ပါလက်စတိုင်း ဦးရေမှာ ၃၀၀၀၀ ကျော်အထိ မြင့်တက်လာကြောင်း ပါလက်စတိုင်း ကျန်းမာရေး အာဏာပိုင်အဖွဲ့က ထုတ်ပြန်သည်။

ဂျကာတာနှင့် အနီးရှိဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ဟုဆို

 

ဂျကာတာနှင့် အနီးရှိဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းနိုင်ဟုဆို

 

အင်ဒိုနီးရှားနိုင်ငံ မြို့တော်ဂျကာတာနှင့် အနီးအနားရှိ ဒေသများတွင် လာမည့် ၈ ရက် အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ကြောင်း မိုးလေဝသဌာနက ဖေဖော်ဝါရီလ ၂၉ ရက်တွင် သတိပေးချက် ထုတ်ပြန်သည်။

ဂျကာတာမြို့တော်အပါအဝင် ဘိုဂေါ်၊ ဒီပေါ့နှင့် ဘာကာဆီဒေသများ၌ လာမည့် ရက်များအတွင်း မိုးသည်းထန်စွာ ရွာသွန်းပြီး လေပြင်းများ တိုက်ခတ်နိုင်ကြောင်း မိုးလေဝသဌာနမှ ဒုတိယအကြီးအကဲ ဂက်ဝမ်တို က ပြောသည်။

အသံထက်မြန်လက်နက်သစ်များကို လက်နက်ကိုင် တပ်များတွင် ဖြန့်ကြက်ထားဟု ပူတင်ပြော

 

အသံထက်မြန်လက်နက်သစ်များကို လက်နက်ကိုင် တပ်များတွင် ဖြန့်ကြက်ထားဟု ပူတင်ပြော

 

    ရုရှားနိုင်ငံသည်  လွန်ခဲ့သည့်နှစ်များ အတွင်းက ဖော်ထုတ်ပြသခဲ့သည့် အသံ ထက်မြန် လက်နက်သစ်များကို ယခုအခါ လက်နက်ကိုင် တပ်များတွင် ဖြန့်ကြက်ထားနိုင်ပြီ ဖြစ်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ဖေဖော်ဝါရီလ ၂၉ ရက်တွင် ပြောသည်။

သြစတြေးလျ၌ အပူလှိုင်းဖြတ်မှုနှင့် တောမီးများကြောင့် ဒေသခံများ ဘေးလွတ်ရာ ပြောင်းရွှေ့ရ

 

သြစတြေးလျ၌ အပူလှိုင်းဖြတ်မှုနှင့် တောမီးများကြောင့် ဒေသခံများ ဘေးလွတ်ရာ ပြောင်းရွှေ့ရ

 

သြစတြေးလျနိုင်ငံ အရှေ့တောင်ပိုင်း၌ အပူလှိုင်းဖြတ်မှုနှင့် တောမီးများကြောင့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရကြောင်း သိရသည်။

ဗစ်တိုးရီးယားပြည်နယ်၌ အပူလှိုင်းဖြတ်မှုသည် တောမီးလောင်မှုများ အထိဖြစ်လာရာ ဒေသခံပြည်သူ ထောင်ပေါင်းများစွာအား ဘေးလွတ်ရာသို့ ပြောင်းရွှေ့ရန် တာဝန်ရှိသူများက ဖေဖော်ဝါရီလ ၂၈ ရက်တွင် သတိပေးချက် ထုတ်ပြန်ခြင်းဖြစ်သည်။

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွား၊ လေးဦးသေဆုံးပြီး  ရှစ်ဦးဒဏ်ရာရရှိ

 

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းတွင် မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွား၊ လေးဦးသေဆုံးပြီး  ရှစ်ဦးဒဏ်ရာရရှိ

 

ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်း ဆီဘူးစီးတီးတွင် မီးလောင်ကျွမ်းမှု တစ်ရပ်ဖြစ်ပွားရာ လူလေးဦး သေဆုံးပြီး ရှစ်ဦး ဒဏ်ရာရရှိသွားကြောင်း မြို့တော်မီးသတ်တပ်ဖွဲ့က ဖေဖော်ဝါရီလ၂၈ ရက်တွင် ထုတ်ပြန်သည်။

ဇူးရစ်မြို့ရှိ မြို့တော် အလုပ်သမားများ လစာမှားယွင်းစွာ တိုးမြှင့်ရရှိ

 

ဇူးရစ်မြို့ရှိ မြို့တော် အလုပ်သမားများ လစာမှားယွင်းစွာ တိုးမြှင့်ရရှိ

 

    ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ရှိ မြို့တော် အလုပ်သမားများသည် ဖေဖော်ဝါရီလအတွက် လစာကို ရုတ်တရက် မှားယွင်းစွာဖြင့် တိုးမြှင့်ရရှိလိုက်ကြောင်း သိရသည်။

တိုးမြှင့်ရရှိလိုက်သည့်လစာမှာ မူရင်းလစာ၏ နှစ်ဆဖြစ်ကြောင်းနှင့် ထိုသို့ဖြစ်ရခြင်းမှာ  နည်းပညာပိုင်းဆိုင်ရာ အမှားအယွင်းကြောင့်ဖြစ်ကြောင်း ဇူးရစ်မြို့တော် ကောင်စီရုံးက ထုတ်ပြန်ထားသည်။

အမေရိကန် Abrams တင့်တစ်စင်းကို ရုရှားဒရုန်းက ယူကရိန်းတွင် ပထမဆုံးအကြိမ် တိုက်ခိုက်ဖျက်ဆီး

 

အမေရိကန် Abrams တင့်တစ်စင်းကို ရုရှားဒရုန်းက ယူကရိန်းတွင် ပထမဆုံးအကြိမ် တိုက်ခိုက်ဖျက်ဆီး

 

Piranha  ဟုအမည်ပေးထားသည့် ရုရှားနိုင်ငံထုတ် ဒရုန်းသည် ပထမဆုံး အကြိမ်အဖြစ် အမေရိကန်ထုတ် Abrams တင့်တစ်စင်းကို ယူကရိန်းတွင် တိုက်ခိုက် ဖျက်ဆီးနိုင်ခဲ့ကြောင်း TASS သတင်း အေဂျင်စီက ဖေဖော်ဝါရီလ ၂၈ ရက်တွင် ဖော်ပြသည်။

ထိုင်းနိုင်ငံတွင် နွေရာသီကာလ၌ အပူချိန် အလွန်ပြင်းထန်မည်

 

ထိုင်းနိုင်ငံတွင် နွေရာသီကာလ၌ အပူချိန် အလွန်ပြင်းထန်မည်

 

    အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ထိုင်းနိုင်ငံတွင်   ယခုနှစ် နွေရာသီကာလ၌ အပူချိန်အလွန် ပြင်းထန်မည်ဖြစ်ကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံသည် ပြီးခဲ့သည့်သီတင်းပတ်မှစ၍  နွေရာသီသို့ ကူးပြောင်းရောက်ရှိ သွားပြီဖြစ်ပြီး   မေလလယ်အထိ အပူချိန်များ ဆက်လက်မြင့်တက် နေမည်ဖြစ်သည်။