ဆောင်းပါးများ

COVID-19 ရောဂါဖြစ်ပွားနေစဉ် ကာလအတွင်း အာဟာရနှင့် အစားအသောက်ဆိုင်ရာ အကြံပြုချက်များ

၂ဝ၁၉ ခုနှစ်တွင် ဒီဇင်ဘာလမှ စတင်ဖြစ်ပေါ်ခဲ့သော Corona Virus  ရောဂါသည် ယခုအခါ ကမ္ဘာ့ကပ်ရောဂါအဖြစ် လူသားအားလုံးကို   ခြိမ်းခြောက်လျက်ရှိပါသည်။ ကမ္ဘာ့နိုင်ငံများနှင့် နယ်မြေစုစုပေါင်း ၂၁၃ ခုရှိ လူဦးရေ ၂၄ သန်းကျော်ကို  ကူးစက်ခံခဲ့ရပြီး  ပြန်လည်ကောင်းမွန်လာသူ ၁၆ သန်းကျော်နှင့် သေဆုံးသူ ရှစ်သိန်းကျော်အထိ  ရှိခဲ့ပါသည်။ ကမ္ဘာ့နိုင်ငံ အများစုသည် COVID-19 ရောဂါပြန့်ပွားမှုကို ထိန်းချုပ်ရန် အတွက် Quarantine  များပြုလုပ်ခြင်း၊ Lockdownများပြုလုပ်ခြင်း၊ အလုပ်များ၊ ကျောင်းများ ယာယီပိတ်၍ Stay at home, Work from home  စသည့်  နည်းလမ်းများကို  ကျင့်သုံးခြင်းကြောင့် လူသားတို့၏   နေ့စဉ်လှုပ်ရှား သွားလာမှုများနှ

အားကျတယ် အတုယူမယ်

မရွှေမြိုင်(ပျဉ်းမနား)

ကျွန်မတို့ငယ်စဉ်ကာလ လူကြီးသူမများ ဒဏ္ဍာရီ  ပုံပြင်လေးတွေပြောပြတာ နားထောင်လို့ တကယ် ကောင်းခဲ့ပါ တယ်။ ပြောပြတဲ့ပုံပြင်ထဲက သူရဲကောင်း တွေ လူကြီးမိဘအပေါ် လိမ္မာရေးခြားရှိတဲ့ ကလေး တွေဇာတ်ဆောင် နေရာမှာ ကိုယ်ကိုယ်တိုင်ဖြစ်တဲ့အထိ  ရင်မှာစွဲလမ်းခဲ့ကြရပါတယ်။ စာဖတ်တတ်တဲ့အရွယ်၊  ကာတွန်းရုပ်ပြက စလို့ ဝတ္ထုဇာတ်လမ်းတွေမှာလည်း  အဲသလိုပဲခံစားသက်ဝင်ပြီး ဇာတ်ကောင်ကိုသဘောကျ နှစ်ခြိုက်ခဲ့ရပါတယ်။ ဒါပေမဲ့ဇာတ်လမ်း အဆုံးသတ် လေးတွေမှာတော့ ကြေကွဲမှုတွေနဲ့အဆုံးသတ်တာ၊ ရှုံးနိမ့်မှုတွေနဲ့အဆုံးသတ်တာ မလိုလားကြပါဘူး။

UAE   နှင့် အစ္စရေး သဘောတူညီချက်နောက်ကွယ်က လက်နက်ရောင်းချ လိုနေသည့် အမေရိကန်

၂၀၂၀ ပြည့်နှစ် သြဂုတ် ၁၃ ရက်က သမိုင်းဝင် အစ္စရေးနှင့် အာရပ်စော်ဘွားများ ပြည်ထောင်စု(UAE) တို့ ပုံမှန်သံတမန် ဆက်ဆံရေး စတင်ရန် တရားဝင်ဖြစ်လာခဲ့သည်။

အပြန်အလှန် သဘောတူညီချက်အနေဖြင့် အစ္စရေးက  အနောက်ဘက် ကမ်းရိုးတန်းရှိ အိမ်ရာစီမံကိန်းကို ရပ်တန့် ပေးရမည် ဖြစ်ပြီး နှစ်နိုင်ငံစစ်ရေး၊ စီးပွားရေး ထဲထဲဝင်ဝင်ဆက်ဆံမည် ဆိုသည့်    အပြုသဘောဆောင်သော သဘောတူညီချက်များ ပါဝင်ခဲ့သည်။

COVID - 19 ကာလတွင် ရေဘေးအန္တရာယ်ကိုလည်း သတိပြုစေလို

၂ဝ၂ဝ ပြည့်နှစ်သည် ဝါထပ်သော နှစ်ပင်ဖြစ်သည်။ ဝါထပ်သောနှစ်များတွင်   မုတ်သုံလေ အားကောင်းသောကြောင့် မိုးကြီးခြင်း၊ ရေကြီးရေလျှံဖြစ်ပွားခြင်းနှင့် အအေးပိုခြင်းတ ို့ဖြစ်လေ့ရှိသည်။ နှစ်စဉ်မိုးတွင်း ကာလတွင်  မြန်မာနိုင်ငံ အောက်ပိုင်းဒေသများ၌ ရေကြီးရေလျှံမှုများ ဖြစ်တတ်သည်။ နောက်ဆက်တွဲ ဆိုးကျိုးအနေဖြင့်   ကောက်ပဲသီးနှံစိုက်ခင်းများ ရေနစ်မြုပ်ရခြင်း၊   လူနှင့်အိမ်မွေး တိရစ္ဆာန်များ သေကျေ ထိခိုက်ဒဏ်ရာ ရရှိခြင်းတို့အပြင်  ဝမ်းပျက်ဝမ်းလျှောခြင်း၊ စိတ်ဒဏ်ရာရရှိခြင်းများ ကြုံတွေ့ ခံစားရပါသည်။

စစ်ဘက်ဆက်ဆံရေး၌ အကောင်းမွန်ဆုံး ဖြစ်လာသည့် တရုတ်နှင့် ပါကစ္စတန်

၂၀၂၀ ပြည့်နှစ် သြဂုတ် ၂၃ ရက်က တရုတ်အစိုးရ၏   အကြီးဆုံးဖြစ်သော နိုင်ငံပိုင်သင်္ဘောဆောက်လုပ်ရေး ကုမ္ပဏီ   ံHudongzhonghua သည် ပါကစ္စတန်အတွက် တည်ဆောက်နေသည့် ဘက်စုံသုံး ဖရီးဂိတ်စစ်သင်္ဘော Type 054A/P  တစ်စင်းကို ပါကစ္စတန်ရေတပ်သို့ တရားဝင် လွှဲပြောင်းပေးအပ်ခဲ့သည်။

နာတာရှည်အဆုတ်ပွ အသက်ရှူလမ်းကြောင်းကျဉ်း ရောဂါ(COPD)

ကမ္ဘာပေါ်မှာ  နာတာရှည်အဆုတ်ပွ အသက်ရှူ လမ်းကြောင်းကျဉ်းရောဂါ ခံစားနေရသူ သန်း ၂၅ဝရှိတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေထဲမှာ ဆေးလိပ်သောက်သုံးမှုနဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ  အသက်ကြီးမှု အရေအတွက် မြင့်မားလာမှု၊ လေထုညစ်ညမ်းမှုတွေကြောင့် လာမယ့်နှစ် ၃ဝ မှာ အဆုတ်ပွလေပြွန်ကျဉ်း ရောဂါကြောင့် သေဆုံးသူပိုလာနိုင်တယ်။ နှစ်စဉ်လူဦးရေ သုံးသန်း ယင်းရောဂါနဲ့ သေဆုံးနေကြရပါတယ်။ ၂ဝ၃ဝ ပြည့်နှစ်မှာ ၄ ဒသမ ၅ သန်း သေဆုံးနိုင်တယ်။

၂ဝ၃ဝ ပြည့်နှစ် လူသားတို့ သေဆုံးရတဲ့ တတိယမြောက် အများဆုံးရောဂါ ဖြစ်လာနိုင်တယ်။ နိုဝင်ဘာ ၂၁ ရက်ဟာ ကမ္ဘာ့နာတာရှည် အဆုတ်ပွအသက်ရှူ လမ်းကြောင်းကျဉ်းရောဂါနေ့ (World COPD Day)ဖြစ်တယ်။

အဆုတ်ကျန်းမာရေး ဂရုစိုက်ပေး

မရှိမဖြစ်အဆုတ်

နှာခေါင်းမှရှူသွင်း၍ ဝင်လာသော အောက်ဆီဂျင်ကို အဆုတ်တစ်စုံက လက်ခံပေးပြီးနောက် ခန္ဓာကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများအားလုံးသို့ ဖြန့်ဝေပေးသောတာဝန်ကို ၂၄ နာရီပတ်လုံး အဆုတ်က လုပ်ဆောင်ပေးသည်။ ထို့ကြောင့် အဆုတ်တစ်စုံသည် အသက်ရှူလမ်းကြောင်းစနစ်၏ အရေးကြီးဆုံး အစိတ်အပိုင်းဖြစ်

သမားကောင်းဇာနည် အောင်စစ်သည်များ ထွင်းထားကျောက်ထက် ကမ္ပည်းတင်စေ

ဥတုသုံးလီတွင် နွေရာသီပါရှိခြင်း မရှိတော့ဘဲ မိုးနှင့်ဆောင်းရာသီ နှစ်မျိုးသာရှိသော  နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၏ မိုးသားများကဝေ့ဝဲ အုံ့မှိုင်းကာ တအုံတမ ရွာချလျက်ရှိသည်။ မိုးရေတို့ဖြင့် လိမ်းကျံနေသော မြေနီသားများသည်လည်း တစ်ဆယ့်နှစ်ရာသီ စေးထန်းနေ၏။ စေးထန်းနေသော မြေနီသားများသည် ဝေးလံခေါင်ဖျား၍ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် နာဂဒေသရှိ  ဒေသခံပြည်သူများ၏  ကျန်းမာရေး မြှင့်တင်ပေးရန်အတွက် ဆရာဝန် လိုအပ်ချက်ရှိသော ဆေးရုံများတွင် မိမိသဘော ဆန္ဒအလျောက် လာရောက် တာဝန်ထမ်းဆောင်ရန် ဆန္ဒပြုသည့် တပ်မတော်မှ ပါရဂူများနှင့် ဆေးမှူးများ၏ ခြေလှမ်းတိုင်းတွင် အလုံးအထွေး တွဲခိုနေလျက်ရှိသည်။ သူတို့သည် မိုးရေကိုလည်း မ