လမ်းဘေး အစားအစာနှင့် သတိပြု စရာ
လမ်းဘေးအစားအစာမရှောင်နိုင်သေးတဲ့ လူ့အဖွဲ့အစည်းမှာ အစားအသောက်က ဖြစ်ပွားတဲ့၊ ကူးစက် နိုင်တဲ့ ရောဂါ များ အသင့်စောင့်ကြို နေမှာပဲဖြစ်တယ်။
ဘယ်စားသောက်ဆိုင်ကမှ အင်အော်ဂဲနစ်၊ အော်ဂဲနစ် ရွေးမနေပါဘူး။ အသားလတ်ဆတ်သလား။ ခေါက်ဆွဲ ဖတ်၊ မုန့်ဟင်းခါးဖတ် ဖော်မလင်သုံးသလား။ ဓာတု ဆိုးဆေးနဲ့၊ အရောအနှောကင်းသလား။ အကြော်ခံဆီ၊ ပြည့်ဝဆီ သုံးသလား။ မပြည့်ဝဆီသုံးသလား ဘယ်သူမှ စစ်ဆေးပေးနေတာမျိုးမရှိသလို၊ သန့်ရှင်းစင်ကြယ်မှု၊ ပတ်ဝန်း ကျင်သန့်ရှင်းရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေး (Hygiene) တို့ အာမခံချက်မရှိဘဲ ကြုံသလို ချက်ပြုတ်ထားတာ များပါတယ်။
![](http://myawady.net.mm/sites/default/files/styles/medium/public/4-10122020_0.jpg?itok=3Bul8lC9)