စာကြည့်တိုက်ကို သွားကြပါ
စာအုပ်စာပေသည် လူမျိုးတစ်မျိုး၏ အသက်ဝိညာဉ်ဖြစ်သည်။ စာပေယဉ်ကျေးမှု မရှိသောလူမျိုးတို့သည် အသီး၊ အပွင့်၊ အရွက်မရှိသော သစ်ခြောက်ပင်နှင့်တူသည်။ စာပေယဉ်ကျေးမှု ထွန်းကားသော လူမျိုးသည် လူ့အဖွဲ့အစည်းအတွင်း တင့်တောင့်တင့်တယ်နေထိုင်နိုင်ကြသဖြင့် ဖွံ့ဖြိုးပြီး နိုင်ငံနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စာပေယဉ်ကျေးမှု ထွန်းကားစေရန် အစဉ်အမြဲ ကြိုးပမ်းအားထုတ်ကြသည်။
''ပညာသမာ အာဘာနတ္ထိ'' ပညာနှင့်တူသော အလင်းရောင်သည် လောက၌မရှိဟု အဘိဓာန်က ဖွင့်ဆိုထားပါသည်။ ပညာဖြုန်းလျှင် လူမျိုးပြုန်းမည်။