SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

Huawei က ပထမဆုံး 5G Chip ကို ထုတ်ဖော်ပြသ

Tuesday, 27 February 2018 09:47 font size decrease font size decrease font size increase font size increase font size

မိုဘိုင်းလ်ထုတ်ကုန် ပစ္စည်းတွေမှာ အသုံးပြုနိုင်ပြီး 5G အင်တာနက် အမြန်နှုန်းကို ပေးစွမ်းမယ့် ပထမဆုံး 5G Chip ကို Huawei က ထုတ်ဖော် ကြေညာလိုက်ပြီ ဖြစ်ပါတယ်။ အဲဒီ Chipset ကို Huawei Balong 5G01 လို့နာမည်ပေးထားပြီး 5G စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတဲ့ ကမ္ဘာ့ပထမဆုံး 5G Chip ဖြစ်လာပါတယ်။ 5G ကွန်ရက်မှာ ဘယ်လိုသတ်မှတ်ချက်တွေ ပါဝင်ရမလဲ ဆိုတာကို ကမ္ဘာလုံးဆိုင်ရာ ဆယ်လူလာ စံချိန်စံညွှန်း သတ်မှတ်တဲ့ 3GPP အဖွဲ့က ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ အတည်ပြု ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ 5G ကွန်ရက်ဆိုတာ မျိုးဆက်သစ် မိုဘိုင်းလ်အင်တာနက် စနစ်တစ်ခုဖြစ်ပြီး အနာဂတ် မောင်းသူမဲ့ ယာဉ်တွေနဲ့ မြို့ကြီးတွေမှာရှိတဲ့ အင်တာနက် ချိတ်ဆက်ထားတဲ့ အခြေခံ အဆောက်အအုံတွေမှာ အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ အခုထုတ်ဖော်ပြသတဲ့ Chipset ကတစ်စက္ကန့်ကို 2.3 Gb နှုန်းနဲ့ Download လုပ်နိုင်မှာဖြစ်ပြီး လက်ရှိအသုံးပြုနေတဲ့ 4G ကွန်ရက်တွေထက် အမြန်နှုန်း သိသိသာသာ မြင့်တက်လာကြောင်း Huawei ကုမ္ပဏီက အတည်ပြုထားပါတယ်။ အဲဒီ Chipset ကို Huawei က တခြားကုန်ပစ္စည်းတွေမှာ အသုံးပြုဖို့ ခွင့်ပြုပေးမှာ ဟုတ်၊ မဟုတ်နဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်း ပြောဆိုထားခြင်း မရှိသေးပါဘူး။

Read 431 times Last modified on Tuesday, 27 February 2018 09:48