မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်သို့ တစ်ရက်လျှင် ဆန်အိတ်ရေ လေးသောင်းဝန်းကျင် ဝင်ရောက်နေ
မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်သို့ တစ်ရက်လျှင် ဆန်အိတ်ရေ လေးသောင်းဝန်းကျင် ဝင်ရောက်နေပြီး မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ်မှဆန်များ အဓိက ဝင်ရောက်လျက်ရှိကြောင်း မူဆယ်ဆန်ကုန် စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်း ၏ပြောပြချက်အရ သိရသည်။
ထို့ပြင် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှဆန်များ ရန်ကုန်မြို့မှတစ်ဆင့် မူဆယ်သို့ ဝင်ရောက်လျက်ရှိကြောင်း၊ မတ္တရာမြို့နယ်မှ ဆန်များကို မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်သို့ တိုက်ရိုက်တင်ပို့နေပြီး ယခုနှစ်အတွင်း စိုက်ဧက နည်းပါးသဖြင့် လက်ကျန်နည်းကာ ရန်ကုန်မြို့သို့ ဝင်ရောက်မှု နည်းပါးလာကြောင်း သိရသည်။