စီးပွားရေး

မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်သို့ တစ်ရက်လျှင် ဆန်အိတ်ရေ လေးသောင်းဝန်းကျင် ဝင်ရောက်နေ

မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်သို့ တစ်ရက်လျှင် ဆန်အိတ်ရေ လေးသောင်းဝန်းကျင် ဝင်ရောက်နေပြီး မန္တလေးတိုင်း ဒေသကြီး မတ္တရာမြို့နယ်မှဆန်များ အဓိက ဝင်ရောက်လျက်ရှိကြောင်း   မူဆယ်ဆန်ကုန် စည်ဒိုင် ဒုတိယဥက္ကဋ္ဌ ဦးမင်းသိန်း ၏ပြောပြချက်အရ သိရသည်။

ထို့ပြင် ပဲခူးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီးတို့မှဆန်များ   ရန်ကုန်မြို့မှတစ်ဆင့် မူဆယ်သို့ ဝင်ရောက်လျက်ရှိကြောင်း၊  မတ္တရာမြို့နယ်မှ ဆန်များကို  မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်သို့ တိုက်ရိုက်တင်ပို့နေပြီး ယခုနှစ်အတွင်း စိုက်ဧက နည်းပါးသဖြင့် လက်ကျန်နည်းကာ ရန်ကုန်မြို့သို့ ဝင်ရောက်မှု   နည်းပါးလာကြောင်း သိရသည်။

နယ်မြို့များ၌ ဆိတ်အရောင်းအဝယ် ကောင်းမွန်လာသည့်အတွက် ဈေးနှုန်း ပြန်လည်မြင့်တက်လာ

COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ဆိတ်အရောင်းအဝယ် အေးနေရာမှ  ယခုအခါ  နယ်မြို့များ၌ပါ ဆိတ်အရောင်းအဝယ် ကောင်းမွန်လာသည့် အတွက် ဆိတ်အလေးချိန် တစ်ပေါင်လျှင်  ငွေကျပ် ၂ဝဝဝ ဝန်းကျင်အထိ ဈေးပြန်လည်မြင့်တက်လာကြောင်း မန္တလေးတိုင်း ဒေသကြီး ကျွဲ၊ နွား၊ သိုး၊ ဆိတ်ရောင်းချသူများအသင်း   ဒုတိယဥက္ကဋ္ဌ   ဦးထက်သူအောင် ၏ပြောဆိုချက်အရ သိရသည်။

''လက်ရှိမှာ ဆိတ်ဈေးနှုန်းတွေ ပြန်လည်မြင့်တက်လာပါတယ်။ ဒီလိုဈေးတက်လာတဲ့ အတွက် ဆိတ်မွေးမြူတဲ့ သူတွေအနေနဲ့ ပိုပြီးအဆင်ပြေလာတယ်'' ဟု ဦးထက်သူ အောင်ကပြောသည်။

မြန်မာနိုင်ငံရှိ သစ်အချောထည် လုပ်ငန်းများ ထိခိုက်မှု မရှိသော်လည်း ကုန်ကြမ်း ပြတ်လပ်မည်ကို စိုးရိမ်နေ

ရန်ကုန်၊ စီးပွားရေး

COVID-19 ရောဂါ ကာကွယ်ထိန်း ချုပ်ရေးကာလအတွင်း   မြန်မာနိုင်ငံရှိ သစ်အချောထည်လုပ်ငန်းများ  ထိခိုက်မှု မရှိသော်လည်း  ကုန်ကြမ်းပြတ်လပ်မည် ကိုစိုးရိမ်လျက်ရှိကြောင်း မြန်မာနိုင်ငံ သစ်တောထွက် ပစ္စည်း ထောက်ခံ စစ်ဆေးရေး ကော်မတီအဖွဲ့ဝင်   ဦးဘာဘာချို၏ ပြောဆိုချက်အရ သိရသည်။

''နိုင်ငံတချို့က   ပုံမှန်အော်ဒါ မှာယူမှု တွေရှိနေတာကြောင့်  လုပ်ငန်းလည်ပတ် နေရပါတယ်။ ကုန်ကြမ်းအတွက် မြန်မာ့ သစ်လုပ်ငန်းက တင်ဒါခေါ်ယူတာပိတ်ထား တော့  နောက်ပိုင်းကုန်ကြမ်းပြတ်လပ်တာ မျိုး  ဖြစ်လာနိုင်ပါ တယ်''  ဟု ဦးဘာဘာချို ကပြောသည်။

ယခုတစ်ပတ်အတွင်း စတော့ရှယ်ယာ ရောင်းဝယ်မှု ငွေကျပ် သန်း ၆ဝ ကျော်သာရှိ၍ ယခင်တစ်ပတ်ကထက် ရောင်းဝယ်မှု သိသာစွာ လျော့ကျ

ယခုတစ်ပတ်အတွင်း စတော့ရှယ်ယာ ရောင်းဝယ်မှု ငွေကျပ် သန်း ၆ဝ ကျော်သာရှိ၍ ယခင်တစ်ပတ်ကထက် ရောင်းဝယ်မှု သိသာစွာ လျော့ကျ

ယခုနှစ်တွင် တရုတ်နိုင်ငံသို့ သရက်သီးတန်ချိန် လေးသောင်းကျော် တင်ပို့

ယခုနှစ်တွင် တရုတ်နိုင်ငံသို့ သရက်သီးတန်ချိန် လေးသောင်းကျော် တင်ပို့

ဟိုင်းကြီးကျွန်းမြို့၌ ကြားသီးနှံအဖြစ် ဝဥပင်များကို တိုးချဲ့စိုက်ပျိုးလာ

ဟိုင်းကြီးကျွန်းမြို့၌ ကြားသီးနှံအဖြစ် ဝဥပင်များကို တိုးချဲ့စိုက်ပျိုးလာ