Print this page

နိုဝင်ဘာလတွင် ဗြိတိသျှကောင်စီမှ စတင်သင်ကြား ပို့ချမည့် အွန်လိုင်း သင်တန်းကို အခမဲ့ တက်ရောက်နိုင်

Friday, 01 November 2019 08:49 font size decrease font size decrease font size increase font size increase font size

ဗြိတိသျှကောင်စီမှ နိုဝင်ဘာ ၄ ရက်မှ စတင် သင်ကြားပို့ချမည့်  Study UK: Prepare to Study and Live in the UK အွန်လိုင်းသင်တန်းကို မြန်မာနိုင်ငံမှ စိတ်ပါဝင်စားသူမည်သူမဆို အခမဲ့တက်ရောက်နိုင်ပြီး သင်တန်းအပြီးတွင် Certificate of   Achievement ပေးအပ်မည်ဖြစ်ကြောင်း ဗြိတိသျှကောင်စီမှ သိရသည်။

အဆိုပါသင်တန်းကို တက်ရောက်လိုသူများ အနေဖြင့် www.futurelearn.com/courses/prepare-to-study-uk တွင် စာရင်းသွင်း တက်ရောက်နိုင်‌ပြီး သင်တန်းကို  ၉ဝ ရာခိုင်နှုန်း အထက် ပြီးမြောက်ပါက အခမဲ့ဒစ်ဂျစ်တယ် အောင်လက်မှတ်ရရှိမည်ဖြစ်သည်။

ဒစ်ဂျစ်တယ်အောင်လက်မှတ်   အရေအတွက်ကို ကန့်သတ်ထားသဖြင့် ကြိုတင် စာရင်းပေးသွင်းပြီး သင်တန်းပြီးမြောက်စေရေး  လေ့ကျင့်ခန်းနှင့် သင်ခန်းစာများကို ပုံမှန်ပြုလုပ်ရန် လိုအပ်သည်။

Study UK အစီအစဉ်အရ ဗြိတိသျှကောင်စီနှင့် GREAT Britain CamPaign တို့မှ အဝေးသင်ပညာရေး ဝက်ဘ်ဆိုက်ဖြစ်သည့်   Future   Learn နှင့် ပူးပေါင်းပြီး အွန်လိုင်းအခမဲ့ သင်တန်းများ ပို့ချလျက်ရှိသည်။

ယင်းအစီအစဉ်အရ UK  တက္ကသိုလ်နှင့် အဖွဲ့အစည်းပေါင်း ၃၅ ခုမှ Study UK: Prepare to Study and live in the UK အပါအဝင် အွန်လိုင်းသင်တန်း ၃၂၅ ခုကို အခမဲ့လေ့လာနိုင်ပြီး  သင်တန်း အမျိုးအစားများကို  ရွေးချယ် တက်ရောက်နိုင်ကြောင်း သိရသည်။

Read 347 times Last modified on Friday, 01 November 2019 08:50