SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107
JUser: :_load: Unable to load user with ID: 106

အလိုက်သင့် လုပ်ဆောင်နိုင်သည့် စမတ်ဖုန်း မျက်နှာပြင် ရှေ့ပြေးပုံစံကို Samsung ကုမ္ပဏီက ၂ဝ၁၃ ခုနှစ် မိတ်ဆက်ပြသ လိုက်ချိန်မှစ၍ ခေါက်သိမ်းနိုင်သော စမတ်ဖုန်းများကို   ထုတ်လုပ်လာနိုင်သည့် ကောလာဟလများ မျိုးစုံထွက်ပေါ် လာခဲ့သည်။

Apple မှ ယခုနောက်ဆုံး ထုတ်လုပ်လိုက်သော အမေရိကန် ဒေါ်လာ ၁ဝဝဝ ကျသင့်မည့် စမတ်ဖုန်း iPhone X သည် တကယ်တမ်း ထွက်ရှိလာချိန်တွင် ပေးရသည့် ဈေးနှုန်းနှင့် ထိုက်တန်သော နည်းပညာ ဆန်းသစ်မှုများ မပါလာသည့် အတွက် အများက ဝေဖန်လျက် ရှိသည်။

4K ရုပ်ထွက်ရရှိသည်ဟု ကြော်ငြာထားသော ပရိုဂျက်တာများကို ဝယ်ယူရာတွင် သောအားဖြင့် Pixel ကူးပြောင်းခြင်း နည်းပညာ သို့မဟုတ် လိုအပ်သော Pixel များနေရာ၌ အထူးပြုလုပ်ချက်များ ထည့်သွင်း၍ ရောင်းချမှုများကိုသာ တွေ့ ကြုံနေရသည်။ ထိုသို့ ရင်ဆိုင်နေရမှုများကို ဖြေရှင်းရန် Sony ကုမ္ပဏီက 4K ရုပ်ထွက်အစစ်အမှန် ရရှိစေမည့် ပရိုဂျက်တာများကို ထုတ်ဖော်ပြသလိုက်သည်။

Google ကုမ္ပဏီသည် HTC ကုမ္ပဏီ၏ မိုဘိုင်းဌာနခွဲကို ဝယ်ယူရန် စီစဉ်လျက်ရှိရာ လက်ရှိတွင် HTC မှ Google ၏ Pixel ဖုန်းများကို ထုတ်လုပ်ပေးနေပြီး ၎င်း၏မိုဘိုင်း ဌာနခွဲကို ရောင်းချရန် ဆွေးနွေးမှုများမှာ နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း Commercial Times သတင်းဌာန၏ ဖော်ပြ ချက်အရ သိရသည်။

Apple ကုမ္ပဏီက ကမ္ဘာကျော် ကုန်ပစ္စည်း အမှတ်တံဆိပ် တစ်ခုဖြစ်သည့် Beats by Dr.Dre ဖြင့် Headphones များကို ထပ်မံမိတ်ဆက် လိုက်ပြီဖြစ်သည်။ Beats by Dr.Dre ဆိုသည်မှာ Headphones ဈေးကွက်တွင် လူငယ်များ၏ နှစ်သက်မှုကို အရယူထားနိုင်ဆုံး ကုန်ပစ္စည်းဖြစ်သည်။

Lenovo ကုမ္ပဏီသည် Yoga 720 Laptop များကို ထုတ်လုပ်ပြီးသည့်နောက် သွားလေရာကို အလွယ်တကူ သယ်ယူသွားနိုင်သော ၁၂ လက်မ အရွယ်အစားရှိသည့် မျိုးကွဲတစ်ခုကို ထပ်မံ ထုတ်လုပ် လိုက်ပြီဖြစ်သည်။

Page 45 of 51