ဆောင်းပါးများ

ပထမအင်းဝခေတ်က နွားဓိုရ်ရွာအမည်ရှိသည့် နွားထိုးကြီးမြို့

မြန်မာသက္ကရာဇ်  ၇၆၃ ခုနှစ် အင်းဝပထမမင်းကြီးစွာဆော်ကဲလက်ထက်တွင် နွားထိုးကြီးမြို့သည် နွားဓိုရ်ရွာ အဖြစ်တည်ရှိပြီး ရှင်ပင်သာဒွန်းဦးမြတ်စွာဘုရား မော်ကွန်းကျောက်စာအရ နွားဓိုရ်ဟူသည် နွား=နွား+ ဓိုရ်=ဓူဝ=အလေ့အကျင့်- နွားများကို ထိန်းကျောင်းလေ့ကျင့်သောရွာဟု ခေါ်ဝေါ်ကြောင်း   သုတေသီများက ဆိုသည်။

နွားမွေးမြူခြင်းဖြင့် အသက်မွေးဝမ်းကျောင်းပြုလုပ်၍ တိုးတက်ကြီးပွားသောကြောင့် နွားတိုးဟုခေါ်ဝေါ်ကြပြီး နွားဓိုရ်-နွားတိုးမှ နွားထိုးကြီးဟု ခေါ်ဝေါ်သုံးစွဲခြင်းဖြစ်နိုင်ကြောင်း ကောဇာသက္ကရာဇ် ၁၂၆၇ ခုနှစ်    ရှင်ပင်သာဒွန်းဦးမြတ်စွာဘုရား ခေါင်းလောင်းစာအရ ယူဆရသည်။

ရန်ကုန်တက္ကသိုလ်ကျောင်းတော်သား ကျွန်တော်

ယမန်နေ့မှအဆက်

၁၉၆၂ ခုနှစ် အရေးအခင်းတွင် ကျောင်းသားများက ပါမောက္ခချုပ်(ဦးကာဟုထင်သည်)၏ကားကို မီးရှို့ဖျက် ဆီးခဲ့ကြောင်းဖတ်ရှုခဲ့ရသည့်  ကျွန်တော်က  “ဘယ်လိုအရေးအခင်းပဲဖြစ်ဖြစ် ဆရာခ ကိုတော့ ရန်မူမယ် မထင်”ဟုပြောမိပါသေးသည်။ ဆရာခ အငြိမ်းစားယူသောအခါ ပါမောက္ခချုပ်ဖြစ်လာသူမှာ ဒေါက်တာ မောင်ဒီဖြစ်သည်။ “က ကြီး၊ ခ ခွေးပြီးတော့ အေ၊ ဘီ၊ စီ၊ ဒီ”ဟုဆိုကြပါသေးသည်။

နာတာရှည် အဆုတ်ပွလေပြွန်ကျဉ်းရောဂါ သတိပြုကာကွယ်ကုသပါ

နာတာရှည်အဆုတ်ပွ လေပြွန်ကျဉ်းရောဂါသည် လူတို့၏အဆုတ်၊ လေပြွန်များတွင် အမြဲရောင်ရမ်းနေစေကာ  လေဝင်၊ လေထွက်လမ်းကြောင်းတို့ ကျဉ်းသွားခြင်းကြောင့် ဖြစ်ရသောပြဿနာဖြစ်သည်။ နာမည်ပါအတိုင်း  နာတာရှည် အဆုတ်ရောဂါတစ်မျိုးဖြစ်သည်။

တဖြည်းဖြည်းရောဂါ ဆိုးရွားနိုင်သည်။ အားလုံးသိထားကြသော ပန်းနာရင်ကျပ်ရောဂါနှင့်မတူ ကွဲပြားသည်။ ရင်ကျပ်ရောဂါသည် ဓာတ်မတည့်သော အကြောင်းအရာတစ်ခုကြောင့် ချက်ချင်းအဆုတ်လေပြွန်များ       တစ်ခဏ အတွင်း ကျဉ်းမြောင်းလာမှုကြောင့် ရောဂါဝေဒနာခံစားရသည်။ ရင်ကျပ်ရောဂါနှင့် တူသလိုလို နှင့်ကွဲပြားသည်။

သင်္ကန်းစုံလင် တန်ဆောင်ဂုဏ်အင်

တန်ဆောင်မုန်းလ၌ကျင်းပသော ကထိန်ပွဲသည် တစ်နှစ်လျှင်တစ်ခါသာ ကျင်းပသောပွဲတော်ဖြစ်သည်။ ကထိန်ပွဲတော်ကို အများစုပေါင်း၍ ဘုံကထိန်ပွဲတော်အဖြစ်လည်းကောင်း၊ တစ်ဦးတည်းမတည်၍ပုဂ္ဂလိက ကထိန်ပွဲတော်အဖြစ်လည်းကောင်း ကျင်းပပြုလုပ်ကြသည်။ ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်ကြောင့် ကထိန်ပေါ် ထွန်းလာသည်ဟု   ဗုဒ္ဓစာပေများ၌တွေ့ရှိရသည်။ မြတ်စွာဘုရားရှင်သည် ဗာရာဏသီမြို့ မိဂဒါဝုန်တော၌ သီတင်းသုံးရာမှ  ဥရုဝေလတောရှိ သစ်ပင်ကြီးတစ်ပင်အောက်သို့ ကြွရောက်သီတင်း သုံးတော်မူသည်။ ထိုအချိန်၌ ဘဒ္ဒဝဂ္ဂီညီနောင်သုံးကျိပ်ရောက်ရှိလာပြီး မြတ်စွာဘုရားရှင်အား “မိန်းမတစ်ယောက်တွေ့ မိပါသ လား”ဟုလျှောက်ထားမေးမြန်းသည်။ ဘဒ္ဒဝဂ္ဂီညီနောင်တို

ဆယ်ကျော်သက်လူငယ်တို့၏အသိဉာဏ်ဆိုင်ရာပြောင်းလဲရေး မိဘတို့က စောင့်ကြည့်ပေး

လူတစ်ဦး၏ဘဝတစ်ခုအတွက် ကျန်းမာရေးနှင့် ပညာရေးသည် အရေးကြီးဆုံးဖြစ်သည်။ မိသားစုတစ်စုတွင် ကလေးတစ်ဦး မွေးဖွားလာ၍ ဘဝကိုစတင်လိုက်ပြီဆိုလျှင် ကလေး၏ ကျန်းမာရေး၊ ပညာရေးတို့ကို  ဦးစားပေးပြီး မြေတောင်မြှောက် ပျိုးထောင်ပေးရန်မှာ မိဘတို့၏တာဝန်ပင်ဖြစ်ပေသည်။ ထို့အတူ ဆယ်ကျော် သက်အရွယ်သားသမီးတို့၏ အသိဉာဏ်ဆိုင်ရာပြောင်းလဲမှုများကို စောင့်ကြည့်ရန်မှာလည်း မိဘတို့၏ တာဝန်ပင်ဖြစ်သည်။

ဆယ်ကျော်သက်အရွယ်ဟုဆိုရာတွင် အသက် ၁၂ နှစ်၊ ၁၃ နှစ်မှ အသက် ၁၇ နှစ်၊ ၁၈ နှစ်အထိဖြစ်သည်။ ကလေးဘဝကို ကျော်လွန်ပြီးဖြစ်သော်လည်း လူကြီးဘဝ မရောက်သေးသည့်ကြားကာလ တစ်ခုကို ရည်ညွှန်းသည်။

ပခုက္ကူမှသည် . . . . . .မြိုင်    ……………. မြိုင်  ထဲမှာ  မနောရမ္မာ

ယဉ်ကျေးမှု ဆိုသည်မှာ သိမ်မွေ့ပြေပြစ်သော တတ်သိလိမ္မာမှု၊ တိုးတက်ထွန်းကား လာသော လူမှုအဆင့်အတန်း၊ အစဉ်အလာအားဖြင့် ထိန်းသိမ်းတည်ရှိလာသော ဓလေ့စရိုက် စသည်ဖြင့်   မြန်မာ့အဘိဓာန်တွင် အဓိပ္ပာယ်ဖွင့်ဆို ထားသည်။ မြန်မာတို့သည် ရှေးကာလကပင် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားကြောင်း ဗိဿနိုး၊ ဟန်လင်း၊  သရေခေတ္တရာ၊ သုဝဏ္ဏဘူမိ စသောရ

နှစ်ပေါင်း ၃၀ ကြာပိတ်ထားခဲ့သော နယ်စပ်ကုန်သွယ်ရေးဂိတ်ဖွင့်လှစ်ပြီး ဆက်ဆံရေးသစ် ထူထောင်လိုက် သည့် အီရတ်နှင့်ဆော်ဒီအာရေဗျ

အရှေ့အလယ်ပိုင်းဒေသ၌ နှစ်ပေါင်း၃၀ ကြာပိတ်ထားခဲ့သော နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုကို အီရတ်နှင့် ဆော်ဒီအာရေဗျတို့  နောက်ဆုံးသဘောတူညီချက်ရပြီး ဖွင့်လှစ်လိုက်နိုင်ပြီဖြစ်သည်။ ဆော်ဒီအာ ရေဗျနှင့် အီရတ်တို့သည် ကုန်းမြေနယ်နိမိတ်ချင်း များစွာထိစပ်နေသော်လည်း  ရှီးယိုက်မွတ်စလင် အီရတ်နှင့် ဆွန်နီမွတ်စလင် ဆော်ဒီအာရေဗျတို့ကြား အပြန်အလှန်ယုံကြည်မှု တစ်ခုရရှိရန် ခက်ခဲသည်။

လေမဖြတ်အောင်အစားရှောင်

ကျန်းမာရေးကို လိုက်စားသူ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်သူ၊ ညအိပ်ရာဝင်ချိန်တွင် စောစောအိပ်လေ့ရှိပြီး နံနက်စောစောအိပ်ရာထကာ ၂ မိုင်ခန့်ရှိသော ကန်ကြီးတစ်ပတ်လမ်းလျှောက်လေ့ရှိသူ၊ ဥပဓိရုပ် ကြည်လင်ပြီး အသက်အရွယ်နှင့်မမျှ ဖျတ်လတ်သူတစ်ဦး ရုတ်တရက်လေဖြတ်သွားသည်ဟု ကြားသိရသောအခါ အံ့သြတုန်လှုပ်သွားသည်။

မျက်စိလှူကြ ချမ်းသာရ မြတ်လှများကုသိုလ်

ယနေ့ခေတ်ဆေးပညာရှင်များသည် အိုခြင်းနှင့် သေခြင်းတရားတို့ကို အနိုင်မယူ နိုင်ကြသော်လည်း နာခြင်း ကိစ္စကို ရင်ဆိုင်  အနိုင်ရရှိရန်  ကြိုးစားလျက်ရှိကြသည်။ ဖြစ်ပေါ်လာသည့်ရောဂါများကို တိုက်ဖျက်နိုင်ရန် ဆေးစွမ်းကောင်းများ၊ ကာကွယ် ဆေးများကို  ထုတ်လုပ်ကုသပေးနေကြပြီး  ခွဲစိတ်ကုသရန်လိုအပ်သည့် ရောဂါ ဝေဒနာများကိုလည်း ခွဲစိတ်ကုသပေးလျက် ရှိကြသည်။

Pfizer BioNTech နှင့် Moderna ကုမ္ပဏီတို့၏ ထိရောက်မှုရှိသော COVID-19 ရောဂါကာကွယ်ဆေးများ

ကမ္ဘာတစ်ဝန်း COVID-19 ရောဂါကူးစက်မှု ၅၅ သန်းကျော်သွားခဲ့ပြီဖြစ်ပြီး ရောဂါကူးစက်မှုများကလည်း လျင်မြန်စွာ ပျံ့နှံ့နေဆဲဖြစ်သည်။

မြောက်အမေရိကနှင့် ဥရောပတို့၌ ရက်အနည်းငယ် ကူးစက်မှုလျော့ကျခဲ့သော်လည်း နောက်ပိုင်းတွင် နေ့စဉ်ကူးစက်မှုစာရင်းများက ယခုအချိန်ထိ လျော့ကျမသွားသေးဘဲ မြင့်တက်နေဆဲဖြစ်ကာ အမေရိကန် ဆိုလျှင် ရွေးကောက်ပွဲပြီးနောက် ကူးစက်မှု ၂၀ ရာခိုင်နှုန်းအထိ ချက်ချင်းမြင့်တက်ခဲ့သည်။