ဆောင်းပါးများ

အတုအပစုံလင် ကမ္ဘာတစ်ခွင် ဘယ်လိုဖြေရှင်းကြမလဲ

အတုသည် အစစ်မဟုတ်ပေ။ မူလရှိပြီးသားအစစ်ကို တုပထားလျှင် အတုဟု လွယ်လွယ်မှတ်နိုင်ကြသည်။ ကုန်ပစ္စည်း ကြော်ငြာများတွင် အတုအပသတိပြုဟူသော စာတန်းထိုးကြော်ငြာသည်များကို လည်းတွေ့ရ သည်။ ကုန်ပစ္စည်းတစ်ခု၊ ဆေးဝါးအမျိုးအမည်တစ်မျိုး စသည့် မူလထုတ်လုပ်သော ပစ္စည်းအစစ်နာမည် ရလာလျှင်၊ ကောင်းသတင်းဖြင့် ကျော်စောလာလျှင် ကိုယ်ပိုင်ဉာဏ်ဖြင့် တီထွင်နိုင်ခြင်းမရှိသူများက တုပပြု လုပ်တတ်သည်။

နေရာ

နေရာဆိုတာ  အမှန်တော့  ဝေါဟာရအားဖြင့် မဆန်းကြယ်လှပါဘူးရှင်။  ဒါပေမဲ့  ဒီစကားလုံးရဲ့ အသုံးအနှုန်းကတော့ ကျယ်ပြန့်လှပါတယ်။ တွေးတတ်ရင် ခံစားတတ်သလို နက်ရှိုင်းလှပါတယ်။ ဒီစကားလုံးနဲ့ ဆက်နွှယ်နေတာကတော့    စည်းကမ်းပါပဲရှင်။

နိုင်ငံခြားရေးဝန်ကြီးမိုက်ပွန်ပီယို၏ နောက်ဆုံးဖြစ်လာမည့် ဥရောပနှင့် အရှေ့အလယ်ပိုင်းခုနစ်နိုင်ငံခရီးစဉ်

၂၀၁၄ ခုနှစ် အရှေ့အလယ်ပိုင်းဒေသ ဆီးရီးယား ပြည်တွင်းစစ်ပွဲများကြားမှ ထွက်ပေါ်လာခဲ့သည့် အစ္စလာမ် မစ်နိုင်ငံတော် (IS) ကြောင့် ဥရောပ၌ အဆိုး ရွားဆုံးအကြမ်းဖက်ဝါဒထိုးနှက်ခံရသည့် နိုင်ငံက ပြင်သစ်ဖြစ် သည်။ ၂၀၁၅ ခုနှစ်က လူပေါင်းရာချီသေဆုံး ခဲ့ရသကဲ့သို့ ၂၀၂၀ ပြည့်နှစ်အထိလည်း ပြင်သစ်၌ အကြမ်းဖက် ဝါဒ အမြစ်မပြတ်သေးပေ။ တမန်တော်မိုဟာမက်ပုံကို ရုပ်ပြောင်ကာတွန်းရေးဆွဲခဲ့သည့် ချာလီဟတ်ဘ်ဒိုး သတင်းစာမှအစပြုကာ ကျောင်းဆရာတစ်ဦး ခေါင်းဖြတ်သတ်ခံခဲ့ရပြီး နောက်ဆက်တွဲ အကြမ်းဖက်မှုနှစ်ခု ထပ်မံဖြစ်ပွားခဲ့သည်။

ရေဆိုးရေညစ်နှင့် ရေကောင်းရေသန့်တို့ ကျန်းမာရေးအပေါ် လွှမ်းမိုးမှုများ

မြန်မာနိုင်ငံ အပူပိုင်းဒေသရှိ ကျေးရွာတွေမှာ ရေပြတ်လပ်မှု၊ ရေပြန်လည်ရရှိမှု နည်းပါးခြင်း၊ ဖုံးအုပ်ကာရံထားခြင်းမရှိတဲ့ ရေတွင်း၊ ရေကန်၊ စမ်းချောင်းများနဲ့ ရေများ မူလရှိနေတဲ့ ရေအရင်းအမြစ်တွေဟာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီမှာ ခန်းခြောက်လာခြင်း၊ ရေရရှိဖို့အတွက် အချိန်ကြာကြာ သွားရောက်ရခြင်းနှင့် မိုးရာသီပြီးဆုံးချိန်

မတူညီသော အနာဂတ်များ

မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည်တွင် ဒေသစာရီလှည့်လည်ရင်း သာလရွာသို့ ရောက်တော်မူ၏။ သာလရွာသားများက မြတ်စွာဘုရားရှင်ကို မေးလျှောက်ကြသည်။

ဂျိုးဘိုင်ဒင်လက်ထက်တွင် အရှေ့ဗဟိုပြုဝါဒ ပြန်လည်အသက်ဝင်လာနိုင်သည့် အာရှဒေသ

နိုဝင်ဘာ ၁၄ ရက်တွင် ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အမေရိကန်-အာဆီယံ  ထိပ်သီးအစည်း အဝေး၌ အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေး ရောဘတ်အိုဘရီယန်က အမေရိကန် နှင့်အာဆီယံကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအရေးပါလာပြီဖြစ်ကြောင်းနှင့် အကောင်း ဆုံးအခြေ အနေရောက်ရှိနေပြီဖြစ်ကြောင်း ပြောကြားခဲ့ကာ အာဆီယံဘက်သို့  ယခုမှ  ခြေဦး လှည့်လာသည့်  အမေရိကန်၏ နိုင်ငံခြား ရေးမူဝါဒဖြစ်သည်။

အချိန်ပန်းကုံး လှအောင်သုံး

လောကတွင်  အထူးတလည်ရှာဖွေရန် မလိုဘဲ   အဖိုးအနဂ္ဃထိုက်တန်ဆုံးသော အရာသည် အချိန်ပင်ဖြစ်သည်။ လူတစ် ယောက်၏ဘဝကို အထွတ်အထိပ်ရောက် စေသည်မှာ အချိန်ပင်ဖြစ်သည်။ ထို့အတူ လူတစ်ယောက်၏ဘဝကို တွင်းဆုံးကျစေ သည်မှာလည်း အချိန်ပင်ဖြစ်သည်။ အချိန်ကို လေးစား၊ ဝီရိယရှေ့ထားသူသည် မည် သည့်ကိစ္စမဆို မအောင်မြင်နိုင်သည်ဟူ၍ မရှိပြီ}}ဟု မြတ်ဗု

ကြိုတင်ကာကွယ် မီးဘေးအန္တရာယ်

အချိန်မရွေး၊ နေရာမရွေး၊ ဥတုရာသီမရွေး အစဉ်အဆက်ဒုက္ခပေးတတ်သော ရန်သူမှာ မီးဘေးအန္တရာယ်ဖြစ်သည်။ မီးလောင်လျှင်ကုန်းကောက်စရာပင်မကျန် ဖြစ်တတ်သဖြင့် လူတိုင်းမီးလောင်မည်ကို ကြောက်လန့်ကြသည်။ စိုးရွံ့ကြသည်။ သို့သော် မီးကိုသတိမပြုကြ။ နမော်နမဲ့အသုံးပြုကြသည်။ မီးအတွက် ကြိုတင်ကာကွယ်မှုမရှိ။ မီးသည်သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတ

စကားပြေအလေ့အလာ(၁)

“သြော်...သားတို့သမီးတို့ပါလား။  လာကြ လာကြ။ ဘယ်ကလှည့်လာကြသလဲ” လူငယ်တစ်စု ရောက်လာ သဖြင့် ဆီးကြိုနှုတ်ဆက်လိုက်ပါသည်။ 

လာဖူးသောလူငယ်များဖြစ်သည်။ ဂျာနယ်တိုက်မှာ လုပ်သူလည်းပါသည်။ အသံလွှင့်မီဒီယာတစ်ခုမှ အသံလွှင့် သူလည်းပါသည်။

“ဆရာ့ဆီမရောက်တာကြာလို့ ချိန်းပြီးလာကြတာပါဆရာ။ ဆရာနေကောင်းပါတယ်နော်”

“အေး ကောင်းပါတယ်ကွယ်။ လူစုပြီးလာပုံထောက်တော့ မေးစရာပြောစရာပေါ်လာပြန်ပြီထင်ပါရဲ့”

အထိုင်များခြင်းကြောင့် ဖြစ်နိုင်သောရောဂါများ

ယခုခေတ်တွင် အစည်းအဝေးနာဟုခေါ်သော အထိုင်များခြင်း၊ အညောင်းများခြင်း၊ အကြောဆိုင်းခြင်း၊ ကျော ရိုး၊ ဇက်ကြောနှင့်ခါးဆစ်များ တောင့်တင်းသောရောဂါများသည် အဖြစ်များသောရောဂါများ ဖြစ်လေသည်။ အထူးသဖြင့် တစ်နေ့လျှင် ခြောက်နာရီထက်ပို၍ အထိုင်များသူများတွင် တွေ့ရလေ့ရှိသည်။

အချို့သူများမှာ ခရီးသွားများသည်။ အဝေးပြေး မှန်လုံကားကြီးများပေါ်တွင် ခြောက်နာရီထက်ကျော်ကြာ သောအချိန်များကို ထိုင်ရင်း၊ အိပ်ရင်း လိုက်ပါရသည်။ ထိုသူများတွင် အကြောပိတ်ပြီး ကိုက်ခဲသော ရောဂါ အပြင် ကြာလျှင် ထုံကျဉ်ရောဂါများ ပါရတတ်လေသည်။