ဆောင်းပါးများ

ရွေးကောက်ပွဲရလဒ်ကို လက်မခံသေးသည့် လက်ရှိသမ္မတဒေါ်နယ်ထရမ့်နှင့် ပြည်ပမဟာမိတ်ဒေါက်တိုင်များ ကို ခိုင်မာစွာပြန်လည်တည်ဆောက်မယ့် ဂျိုးဘိုင်ဒင်

အမေရိကန်နိုင်ငံ၌  နိုဝင်ဘာ ၃ ရက်က ကျင်းပသည့်  သမ္မတရွေးကောက်ပွဲတွင် ဒီမိုကရက်တစ် သမ္မတ လောင်း ဂျိုးဘိုင်ဒင် သည်   ၁၉၀၀   ပြည့်နှစ်နောက်ပိုင်း ရွေးကောက်ပွဲတွင် အကြီးမားဆုံး အောင်မြင်မှုရခဲ့ သော်လည်း လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်၏ ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်မခံမှုနှင့် ၎င်းသာ အောင်နိုင် ကြောင်း တွစ်တာ၌ ကြေညာနေခဲ့သောကြောင့်  မမျှော်လင့်သည့်အခက်အခဲများနှင့် ရင်ဆိုင်နေရပြီဖြစ်သည်။

အစာကိုအချိန်ပေးစားစေလို

ကျွန်မတို့၏ကျန်းမာခြင်းနှင့်အသက်ရှင်ခြင်းသည်  စားသောက်သော အစားအစာပေါ်တွင် အဓိကမူတည်နေသည်။ စားသောက်သော အစာသည် အာဟာရပြည့်ဝဖို့လိုအပ်သည်။ အာဟာရပြည့်ဝခြင်း၊ မပြည့်ဝခြင်းသည် ကျန်းမာခြင်းနှင့် ဆက်စပ်နေသည်။ အစာအာဟာရကောင်းမှ အစာခြေချက်နိုင်သော သမဝမ်းမီးကိုရရှိမည်ဖြစ်သည်။ တစ်နည်းအားဖြင့် ပါစကတေဇောကို ရရှိမည် ဖြစ်သည်။ ပ

သမ္မတလုပ်ပိုင်ခွင့် သုံးလနီးပါးတာဝန်ကျန်ရှိချိန်အတွင်း ကာကွယ်ရေးဝန်ကြီးကို အကြောင်းပြချက်မရှိ ဖြုတ်ပစ်လိုက်သည့် ဒေါ်နယ်ထရမ့်

ရွေးကောက်ပွဲပြီးဆုံးခဲ့ပြီဖြစ်သော အမေရိကန်နိုင်ငံ၌ အာဏာလွှဲပြောင်းရေးအတွက် ဒေါ်နယ်ထရမ့် မည်သည့် စကားသံမှ ထွက်မလာသေးသော်လည်း ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒုတိယသမ္မတ ကမလာဟဲရစ် တို့က အာဏာလွှဲပြောင်းရေး လုပ်ငန်းစဉ်များနှင့် မူဘောင်များကို စတင်ဆောင်ရွက်နေပြီဖြစ်သည်။

လမ်းဘေးအစားအစာနှင့် ကျန်းမာရေးပြဿနာ

“ခေါက်ဆွဲကြော်တစ်ပွဲ  ကြက်သားနဲ့” စားပွဲထိုးလေးက အကြော်ဆရာထံသို့ လှမ်းအော်ပြောသည်။ မီးအပူ ကြောင့် ချွေးပြန်နေသော  အကြော်ဆရာက ၎င်းရှေ့တွင်ရှိသည့် အသီးအရွက်များထည့်ထားသောဗန်းထဲမှ အသီးအရွက်များကိုဆုပ်၍ ယူလိုက်သည်။ အသီးအရွက်တို့ကို ရေမဆေးတော့ဘဲ စဉ်းတီတုံးပေါ်သို့တင်၍ ဓားဖြင့်လှီးပြီး   ဆီပူအိုးထဲသို့  ပစ်ထည့်လိုက်၏။

ဥရောပသမဂ္ဂမှ ဗြိတိန်ဘယ်လိုခွဲထွက်မှာလဲ

ဥရောပ၌ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ ကိုရိုနာ ဗိုင်းရပ်ကြောင့် နောက်တစ်ကြိမ် တစ်နိုင်ငံလုံးပိတ်ဆို့ မှုများ ပြန်လည်ပြုလုပ်ထားရချိန် ဗြိတိန်တို့ ဥရောပမှ ခွဲထွက်ရေးပေးထားသည့် နောက်ဆုံးအချိန်ကလည်း  ပိုမိုနီးကပ်လာပြီဖြစ်သည်။ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်က နိုဝင်ဘာ ၈ ရက်တွင် ဥရောပသမဂ္ဂညှိနှိုင်း ရေးအကြီးအကဲ မိုက်ကယ်ဘာနီယာနှင့် Brexit ညှိနှိုင်းရေးမှူး မိုက်ကယ်ဖရော့စ်တို့ လန်ဒန်စကား ဝိုင်းများ ပြန်လည်စတင်ခဲ့ကြပြီး တိုးတက်မှုများရှိလာ သည်။