SJ WorldNews - шаблон joomla Авто

နည်းပညာတက္ကသိုလ် (မှော်ဘီ) ကျောင်းသားများက နေအိမ် လုံခြုံရေးကို မိုဘိုင်းလ်ဖုန်းဖြင့်ထိန်းနိုင်သည့်စနစ် တီထွင်

Sunday, 21 January 2018 13:55 font size decrease font size decrease font size increase font size increase font size

ရန်ကုန်  ဇန်နဝါရီ  ၂ဝ

နေအိမ်  ခြံဝင်းတစ်ခုလုံး၏  လုံခြုံရေးကို   မိုဘိုင်းလ်ဖုန်းဖြင့်  ဆော့ဖ်ဝဲလ်စနစ် အသုံးပြု ထိန်းချုပ်ကာ လုပ်နိုင်သော စနစ်ကို ပြည်တွင်းရှိ နည်းပညာ တက္ကသိုလ် (မှော်ဘီ) မှ ကျောင်းသားများက တီထွင် ဖန်တီးထား

ကြောင်း သိရသည်။

''ဒီစနစ်က ကိုယ်ကအဝေးကြီးကို ရောက် နေတာတောင်မှ နေအိမ်မှာ တပ်ဆင်ထား တဲ့ လုံခြုံရေးစနစ်တွေ အားလုံးကို မိုဘိုင်းလ် ဖုန်းတစ်လုံးတည်းနဲ့ ထိန်းချုပ်ပြီးလုပ်နိုင်ပါတယ်။  ခြံတံခါးဖွင့်တာ၊ ပိတ်တာတွေ၊ CCTV မှတ်တမ်းကို အဝေးကနေကြည့်တာ တွေကအစ မိမိနေအိမ်တိုက် တာခြံတွေရဲ့ လုံခြုံရေးကို လုပ်နိုင်ပါတယ်'' ဟု အဆိုပါ စနစ်ကို  ဖန်တီးထားသည့်   နည်းပညာ တက္ကသိုလ် (မှော်ဘီ) 5BE ကျောင်းသား မောင်ကောင်းချမ်း မြေ့ကို ကပြောသည်။

အဆိုပါစနစ်မှာ မိုဘိုင်းလ်ဖုန်းရှိ IOT Project ဖြင့် အသုံးပြုရသော Facebook Messenger နည်းပညာဖြစ်ပြီး ဆော့ဖ်ဝဲလ်ရေး ဆွဲကာ လိုအပ်သော ပစ္စည်းများကို တပ်ဆင်ရကြောင်း၊ ထိုစနစ်အတွက် နေအိမ်တွင် တပ်ဆင် ထားသော ပစ္စည်း ကိရိယာများကို အင်တာနက် ကွန်ရက်ဖြင့် ချိတ်ဆက်ထားရန် လိုအပ်ပြီး    မိမိမိုဘိုင်းလ်ဖုန်းမှ လည်း  အင်တာနက်အသုံးပြု၍ acebook Messengerမှတစ်ဆင့် ထိန်းချုပ်လုပ်ကိုင်နိုင်သော စနစ်မျိုး လည်းဖြစ်သည်။

'' ဘာကို  Control  လုပ်ခဲ့သလဲဆိုတာကို  Facebook Messengerမှာ မက်ဆေ့ခ်ျ ဝင်လာ စေပါတယ်။ လောလော ဆယ်တော့ ပစ္စည်းတွေ အတွက် ကုန်ကျစရိတ်က ငွေကျပ်  တစ်သောင်းလောက်ပဲ ရှိတယ်။ အဲကွန်း တွေ၊ တခြားလုံခြုံရေး ကင်မရာတွေ  တပ်မယ်ဆိုရင်အဲဒီကုန်ကျစရိတ်တော့ ထပ်ပြီးရှိမှာပါ''ဟု မောင်ကောင်း ချမ်း မြေ့ကို ကပြောသည်။

ထို့ပြင် အများပြည်သူအတွက် ကုန်ကျ စရိတ်သက်သာစွာဖြင့် အကျိုးရှိစေသော တခြားစနစ်များကိုလည်း     ဆက်လက် တီထွင်ရန် အစီအစဉ်များရှိကြောင်း  သိရသည်။             

ထက်ခိုင်(စမ်းချောင်း)

Read 336 times Last modified on Sunday, 21 January 2018 13:56