SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 107

FUJIFILM ၏ ကင်မရာသုံးမျိုးကို ပြည်တွင်းဈေးကွက်သို့ စတင်မိတ်ဆက်

Friday, 23 February 2018 09:26 font size decrease font size decrease font size increase font size increase font size

FUJIFILM မှ ထုတ်လုပ်လိုက်ပြီ ဖြစ်သည့် X-A5? X-H1 ESifh XP-130 ကင်မရာသုံးမျိုးကို ယမန်နေ့က ပြည်တွင်း ဈေးကွက်သို့ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း FUJIFILM တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

''င်္ FUJIFILM ထုတ်ကုန်တွေကို ပိုမိုကောင်းမွန်အောင် ထုတ်လုပ်ခဲ့တာ အခုဆိုရင် X-Series ကင်မရာတွေ ထုတ်လုပ်နိုင်တဲ့ အဆင့်အထိ ရောက်လာပါပြီ။ အဲဒီမှာ လူငယ်တွေ အတွက်ရည်ရွယ်ပြီး ရုပ်ထွက် အားသာချက်နဲ့ Selfie အတွက်ပါ သင့်လျော်အောင် X-A5 မှာ ထည့်သွင်းပေးထားပါတယ်။ ဒါ့ပြင် အားသာချက်အနေနဲ့ Bluetooth စနစ်လည်း ပါဝင်ပါတယ်။ ဖလင်ခေတ်တုန်းက ရတဲ့ပုံစံတွေရအောင်လည်း Stimulation အနေနဲ့၁၁ မျိုးထည့်ပေးထားပါတယ်'' ဟု ၎င်းကပြောသည်။

X-Series ကင်မရာများအနက် X-A5 မှာ အသေးဆုံးနှင့် အပေါ့ပါးဆုံး Mirrorless Digital ကင်မရာဖြစ်ပြီး ထင်ရှားသည့် စွမ်းဆောင်ရည်အဖြစ် Color Production နည်းပညာ ပါဝင်ကြောင်း၊ ထို့ပြင် ကင်မရာ ဝါသနာပါသူများ အကြိုက် Classic ဒီဇိုင်းဖန်တီးထားပြီး ငွေရောင်၊ အညိုရောင်နှင့် ပန်းရောင်ဟူ၍ သုံးမျိုးရွေးချယ် ဝယ်ယူနိုင်ကြောင်း သိရသည်။ X-H1 မှာ မာကျောအကြမ်းခံသည့် ကိုယ်ထည်ကို ပိုင်ဆိုင်ထားပြီး Dual Processor ကြောင့် အရည်အသွေး မြင့်မားသည့် ပုံရိပ်များကို ဖမ်းယူနိုင်မည်ဖြစ်သည်။ ဓာတ်ပုံအတွက်သာမက ဗီဒီယိုရိုက်ကူး ထုတ်လုပ်ရေးအတွက် လိုအပ်သည့် Features များ ပါဝင်သကဲ့သို့ Flicker Reduction Mood ကိုလည်း X-H1 တွင် ပထမဆုံးအဖြစ် ထည့်သွင်းထားသည်။ XP-130 သည် ရေစိုခြင်း၊ လွတ်ကျခြင်းနှင့် ဖုန်မှုန့်များ၏ ဒဏ်ကို ခံနိုင်ရည်ရှိခြင်း တို့ကြောင့် သူငယ်ချင်းများနှင့် ပျော်ပွဲစားထွက်ခြင်း၊ ခရီးသွားခြင်းတို့ အတွက် သင့်လျော်သည့် ကင်မရာတစ်လုံးလည်း ဖြစ်သည်။ ကင်မရာ သုံးမျိုးစလုံးကို ဆန်းသစ်သော လုပ်ဆောင်ချက်များ ထည့်သွင်းဖန်တီးထားပြီး ဈေးနှုန်းများ အနေဖြင့် X-A5 ကို အမေရိကန် ဒေါ်လာ ၅၉၉ ဒေါ်လာ၊ XP-130 ကို အမေရိကန်ဒေါ်လာ ၂၂၉ ဒေါ်လာနှင့် X-H1 ကို အမေရိကန်ဒေါ်လာ ၂ဝဝဝ (Body Only) သတ်မှတ်ထားကြောင်း သိရသည်။

Read 497 times Last modified on Friday, 23 February 2018 09:27