SJ WorldNews - шаблон joomla Авто
×

Warning

JUser: :_load: Unable to load user with ID: 105

ကားလမ်းထက်တွင် ဇိမ်ခံရွက်လှေစီး နေရသကဲ့ သို့ရသကိုပေးစွမ်းမည့် မာစီဒီးကားသစ် Featured

Thursday, 24 August 2017 10:42 font size decrease font size decrease font size increase font size increase font size

 မာစီဒီး ကားကုမ္ပဏီက နောက်ဆုံး ဖန်တီး ထားသည့်ကားသည်  မည်သည့်နေရာတွင် ရောက် ရှိနေ သည်ဖြစ်စေ လည်ပြန်ငေးကြည့် ရမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။

အဆိုပါကားကို ဗီးရှင်းမာစီဒီး-မေဘိ ၆ ကာဘရီယိုလတ်ဟု အမည်ပေးထားပြီး ၎င်းသည် ဇိမ်ခံလှေကြီး တစ်စင်းကိုစီးနင်းရသည့် ရသကိုပေးစွမ်းနိုင်စေရန် တည်ဆောက်ထား ခြင်းဖြစ် သည့် အပြင် ပြောင်မြောက်သော တံခါးနှစ်ပေါက် ပါဝင်သည့် အမိုးဖွင့်ကား ပုံစံမျိုးဖြစ်သည်။

အရှည် ၅ ဒသမ ၇ မီတာနှင့် အကျယ် ၂ ဒသမ ၁ မီတာရှိသည့် အဆိုပါကားတွင် ၂၄ လက်မ အလွိုင်းဂွေများကိုတပ်ဆင်ပေး ထားပြီး ကြီးမားသည့်¤င်း၏ပုံစံကြောင့် ကား ပါကင်ထိုး ရန် အတွက်   နေရာပို ယူမည် မှာ အသေ အချာပင်ဖြစ်သည်။

အဆိုပါကား၏ နောက်ပိုင်းပုံစံကို ဇိမ်ခံ သင်္ဘောတစ်စင်း၏ ကုန်းပတ်ကဲ့သို့ ဒီဇိုင်းရေး ဆွဲ ထားခြင်းဖြစ် သည်။  လျှပ်စစ်စွမ်းအင်သီးသန့်သာအသုံးပြုထားသော မြင်းကောင်ရေ ၇၄ဝ အားရှိသည့် အင်ဂျင်တပ်ဆင်ပေးထား သည့်အတွက် ၄ စက္ကန့်အတွင်း ၁ နာရီလျှင် ၆၂ မိုင် နှုန်းဖြင့်  အမြန်နှုန်းမြှင့်တင်နိုင်ပြီး တစ်ကြိမ်အားသွင်းထားပါက မိုင် ၃၁ဝ အထိ မောင်း နှင်နိုင် သည်။

¤င်း၏ထူးခြားချက်မှာ ကားစက်ဖုံးအောက် တွင် ညစာစားပွဲပြုလုပ်နိုင်သည့်ပစ္စည်းကိရိ ယာများ ထည့်သွင်းပေးထားခြင်းဖြစ်သည်။ ယင်းကိရိယာများတွင် ပန်းကန်ပြားများ၊ ဓာတ်ဘူးများ၊ စားပွဲ တင်ဇွန်း၊ ခက်ရင်း၊ ဓား၊ ထီးများနှင့် ဘီးတပ်အိတ်များပါဝင်သည်။မာစီဒီးသည် အဆိုပါကားများကို လာမည့်နှစ်တွင် စတင်ထုတ်လုပ်သွားမည်ဖြစ်ပြီး တစ်စီး လျှင် ပေါင် ၂၆ဝဝဝဝ မှစ၍ကျသင့်မည် ဖြစ်သည်။            

Read 656 times Last modified on Thursday, 24 August 2017 10:48