SJ WorldNews - шаблон joomla Авто

M.I.C.E နှင့်ပတ်သက်သည့် ဝက်ဘ်ဆိုက်တစ်ခု ရေးဆွဲနေပြီး မကြာမီ မိတ်ဆက်မည်

Monday, 07 October 2019 09:02 font size decrease font size decrease font size increase font size increase font size

နိုင်ငံများစွာ၌ အကောင်အထည်ဖော်လျက်ရှိသော  Meetings,  Incentives, Conferences, Exhibitions(M.I.C.E) ကို မြန်မာနိုင်ငံအတွက် ဝက်ဘ်ဆိုက်တစ်ခု ရေးဆွဲနေပြီး  အောက်တိုဘာ တတိယပတ်တွင် စတင်မိတ်ဆက်မည် ဖြစ်ကြောင်း Myanmar  Tourism  Marketing မှ Chairperson    ဒေါ်မေမြတ်မွန်ဝင်း၏ ပြောဆိုချက်အရ သိရသည်။

'' M.I.C.E Market က နိုင်ငံအတွက် အများကြီး အကျိုးရှိတယ်။ များသောအားဖြင့် ပြည်ပစီးပွားရေး လုပ်ငန်းရှင်တွေက ပြပွဲတွေလုပ်ရင်  နိုင်ငံအတော်များများက M.I.C.E Business ကို ရယူကြတယ်။ တချို့နိုင်ငံ အတော်များများက ပြည်ပကို ထွက်လုပ်တဲ့ M.I.C.E ပွဲတွေ  သောင်းနဲ့ချီရှိတယ်။ ဒီမှာ M.I.C.E ဝန်ဆောင်မှု မရှိဘူးထင်တော့ ပွဲလုပ်ဖို့ခေါ်ရင် M.I.C.E ရှိလို့လား၊ လိုအပ်ချက်တွေဖြစ်တဲ့  ဥပဒေတွေ၊  စနစ်တွေရှိလို့လား ဆိုပြီး အမေးခံရ တာ အခုတော့ ရှိလာပါပြီ''  ဟု  ဒေါ်မေမြတ်မွန်ဝင်း ကပြောသည်။

ယခုအခါ Myanmar Tourism Mar-keting မှ Working ကော်မတီဖွဲ့၍ Myanmar  Net ၏  ပံ့ပိုးကူညီမှုဖြင့် M.I.C.E ဝက်ဘ်ဆိုက်တစ်ခု  ရေးဆွဲနေပြီဖြစ်သည်။  ရေးဆွဲပြီးပါက အောက် တိုဘာ ၁၆ ရက်မှ ၁၈ ရက်အထိ စင်ကာပူနိုင်ငံ၌ ကျင်းပမည့်   အခမ်းအနားတွင် မြန်မာနိုင်ငံမှ  M.I.C.Eကို   စတင် အသုံးပြုနိုင်ပြီဖြစ်သည်။

လက်ရှိရေးဆွဲလျက်ရှိသည့် ဝက်ဘ်ဆိုက်သည် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး အဓိကမြို့ကြီး သုံးမြို့၌   အရည်အသွေး ဝန်ဆောင်မှု ကဏ္ဍများကို ဆောင်ရွက်နိုင် မည်ဖြစ်ကြောင်း သိရသည်။ 

Read 19 times Last modified on Monday, 07 October 2019 09:03