ဂျပန်ဝန်ကြီးချုပ်သစ် ဆူဂါအတွက် စောင့်ကြိုနေသည့်စိန်ခေါ်မှုများ
ကမ္ဘာပေါ်၌ ကိုရိုနာဗိုင်းရပ်ပြင်းထန်စွာ ဖြစ်ပွားနေချိန်တွင် နိုင်ငံတစ်နိုင်ငံ၏ နိုင်ငံရေးအလှည့် အပြောင်းက အရေးပါဆုံးဖြစ်သည်။ ပြည်သူများကိုယ်တိုင် ရွေးကောက်တင်မြှောက်လိုက်သည့် အစိုးရတိုင်း၏ သက်တမ်းကုန်ဆုံးသည်အထိ အကျိုးဆက်ဆိုးကောင်းမှန်သမျှကို ခံစားရမည်ဖြစ်ကာ ဗိုင်းရပ်ဖြစ်ပွားနေသည့်ကြားမှ ရွေးကောက်ပွဲ ပထမဆုံးကျင်းပခဲ့သည့်နိုင်ငံက တောင်ကိုရီးယား နိုင်ငံဖြစ်သည်။