ပြည်တွင်းသတင်း

သရက်မြို့ရေပေးဝေရေး ဂါလန် ၂ ဒသမ ၆ သိန်းဆံ့ ရေစုကန်အမိုးတည်ဆောက်ခြင်း လုပ်ငန်း ပြီးစီးမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သွားရောက်ကြည့်ရှုစစ်ဆေး

သရက်မြို့ရေပေးဝေရေး ဂါလန် ၂ ဒသမ ၆ သိန်းဆံ့ ရေစုကန်အမိုးတည်ဆောက်ခြင်း လုပ်ငန်း ပြီးစီးမှုအား မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် သွားရောက်ကြည့်ရှုစစ်ဆေး

သရက်  ဧပြီ  ၁၉

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများသည် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည့်မြို့ရေပေးဝေရေး ဂါလန် ၂ ဒသမ ၆ သိန်းဆံ့ ရေစုကန် အမိုးတည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှုကို ယနေ့နံနက် ၁၁ နာရီတွင် ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

ပွင့်ဖြူမြို့နယ် မုန်းချောင်းအတွင်း ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲကျင်းပ

ပွင့်ဖြူမြို့နယ် မုန်းချောင်းအတွင်း ဇီဝိတဒါနစုပေါင်းငါးလွှတ်ပွဲကျင်းပ

ပွင့်ဖြူ၊ လူမှုရေး

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ၁၃၈၆   ခုနှစ်   မြန်မာနှစ်ဆန်းတစ်ရက် နှစ်သစ်ကူးကုသိုလ်ပြု   ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲကို ဧပြီလ ၁၇ ရက်က ပွင့်ဖြူမြို့ အနောက်ပိုင်း ရပ်ကွက်အနီး မုန်းချောင်း၌ ကျင်းပသည်။

သောက်သုံးရေလိုအပ်လျက်ရှိသည့်နေရာများကို သောက်သုံးရေသွားရောက်လှူဒါန်းပေး

သောက်သုံးရေလိုအပ်လျက်ရှိသည့်နေရာများကို သောက်သုံးရေသွားရောက်လှူဒါန်းပေး

ညောင်ဦး၊ လူမှုရေး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာ၌ ဒေသခံပြည်သူများ သောက်သုံးရေ အခက်ကြုံနေကြောင်းသိရ၍ ဧပြီလ ၁၉ ရက်နံနက်ပိုင်းတွင် ညောင်ဦးမြို့နယ် တောင်ဇင်းနယ်မြေ မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက ရေသယ်ယာဉ်ဖြင့် ရေဂါလန် ၁၆၀၀ သွားရောက်ဖြန့်ဝေ လှူဒါန်းပေးကြောင်း သိရသည်။

မြန်မာနှစ်သစ်ကူးအထူးဓမ္မသဘင် မဇ္ဈိမဂုဏ်ရည်ဆရာတော်ကြီး၏ ဒုတိယနေ့တရားပွဲတွင် တရားနာ ပရိသတ်တစ်သောင်းကျော် လာရောက်တရားတော်နာယူ

မြန်မာနှစ်သစ်ကူးအထူးဓမ္မသဘင် မဇ္ဈိမဂုဏ်ရည်ဆရာတော်ကြီး၏ ဒုတိယနေ့တရားပွဲတွင် တရားနာ ပရိသတ်တစ်သောင်းကျော် လာရောက်တရားတော်နာယူ

ရန်ကုန်  ဧပြီ  ၁၉

မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် မြန်မာ နှစ်ဆန်းနှစ်ရက်နေ့ သာသနာတော်နှစ် ၂၅၆၇ ခုနှစ် ခရစ်သက္ကရာဇ်  ၂၀၂၄ ခုနှစ် ဧပြီလ  ၁၈  ရက် ညပိုင်းက  ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် မြန်မာ့ နှစ်သစ်ကူးအထူးဓမ္မသဘင် တရားပွဲကို ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ခြေတော်ရင်း ဒဂုံမြို့နယ် ပြည်လမ်းရှိ ပြည်သူ့ရင်ပြင်၌ ကျင်းပသည်။

ကန်ကြီးထောင့်မြို့နယ်၌ ပြီးခဲ့သည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီကစိုက်ပျိုးသော ပဲတီစိမ်း ၃၆၄၂ ဧက ရိတ်သိမ်းပြီးစီး

ကန်ကြီးထောင့်မြို့နယ်၌ ပြီးခဲ့သည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီကစိုက်ပျိုးသော ပဲတီစိမ်း ၃၆၄၂ ဧက ရိတ်သိမ်းပြီးစီး

ကန်ကြီးထောင့်၊ စိုက်ပျိုးရေး

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ကန်ကြီးထောင့်မြို့နယ်၌ ပြီးခဲ့သည့်ဆောင်းသီးနှံ စိုက်ပျိုးရာသီက   စိုက်ပျိုးခဲ့သော ပဲတီစိမ်း ၃၆၄၂ ဧကရိတ်သိမ်းပြီးစီးပြီဖြစ် ကြောင်း ပုသိမ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးဝင်းစိုး၏ ပြောကြားချက်အရ သိရသည်။

မိတ္ထီလာမြို့နယ်၌ ဆည်ရေ ကန်ရေသောက်စနစ်ဖြင့် နွေစပါး ၄၅၇ ဧက စိုက်ပျိုးပြီးစီး

မိတ္ထီလာမြို့နယ်၌ ဆည်ရေ ကန်ရေသောက်စနစ်ဖြင့် နွေစပါး ၄၅၇ ဧက စိုက်ပျိုးပြီးစီး

မိတ္ထီလာ၊ စိုက်ပျိုးရေး

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်၌ ယခုနှစ်တွင် ဆည်ရေ၊ ကန်ရေသောက် စနစ်ဖြင့် နွေစပါး ၄၅၇ ဧက စိုက်ပျိုးပြီးစီးကာ သတ်မှတ်လျာထားဧကထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ရွှေတိဂုံစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်မည်

ရွှေတိဂုံစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် အတွင်း ဆောင်ရွက်မည်

ရန်ကုန်၊ သာသနာရေး

ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီတော်အား လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းကို ငါးနှစ်တစ်ကြိမ် ဆောင်ရွက်လျက် ရှိရာ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်တွင်လည်း ရွှေတိဂုံစေတီတော်အား လုံးတော်ပြည့်ရွှေ သင်္ကန်းကပ်လှူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ရွှေတိဂုံစေတီတော် ဘဏ္ဍာထိန်း ဂေါပကအဖွဲ့မှ သိရသည်။

ပွင့်ဖြူမြို့နယ်၌ ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူမြို့နယ်၌ ဖီးကြမ်းငှက်ပျောစိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေ

ပွင့်ဖြူ၊ စိုက်ပျိုးရေး

မကွေးတိုင်းဒေသကြီး ပွင့်ဖြူမြို့နယ်၌ ဖီးကြမ်းငှက်ပျောဈေးကွက် ပြန်လည်ကောင်းမွန်လာခြင်း ကြောင့် တစ်နိုင်တစ်ပိုင် ငှက်ပျောစိုက်ပျိုးတောင်သူများ သီးနှံဝင်ငွေ အကျိုးအမြတ်ရရှိကာ  လုပ်ငန်း အဆင်ပြေလျက်ရှိကြောင်း  ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။

အသေးစားလက်မှု အတတ်ပညာဖြင့် မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်နိုင်တစ်ပိုင်လုပ်ကိုင် ဆောင်ရွက်နေသည့် စစ်ကိုင်းမြို့မှ ဂီတာလုပ်ငန်း

အသေးစားလက်မှု အတတ်ပညာဖြင့် မိသားစုဝင်ငွေတိုးပွားရေးအတွက် တစ်နိုင်တစ်ပိုင်လုပ်ကိုင် ဆောင်ရွက်နေသည့် စစ်ကိုင်းမြို့မှ ဂီတာလုပ်ငန်း

ဥပ္ပါတသန္တိသုတ်ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

ဥပ္ပါတသန္တိသုတ်ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

နေပြည်တော် ဧပြီ ၁၉

ဥပ္ပါတသန္တိသုတ် ပရိတ်တော်ကျမ်းမြတ် ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင်  နေပြည်တော်ရှိ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ရင်ပြင်တော်ဓမ္မာရုံ၌ ကျင်းပသည်။