နိုင်ငံတကာသတင်း

သြစတြေးလျအနေဖြင့် ဆိုးဝါးသော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု တရုတ်သတိပေး

တောင်တရုတ်ပင်လယ်အတွင်း ဝင်ရောက်ပျံသန်းသည့်    သြစတြေးလျ ကင်းထောက်လေယာဉ်ကို တရုတ်လေတပ်မှ တိုက်လေယာဉ်တစ်စင်းက   ကြားဖြတ်လိုက်ရပြီးနောက် သြစတြေးလျအနေဖြင့် ထိုသို့ဆက်လုပ်နေပါက ဆိုးဝါးသော အကျိုးဆက်များနှင့် ရင်ဆိုင်ရမည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇွန် ၆ ရက်တွင် သတိပေးလိုက်ကြောင်း သိရသည်။

ဆော်ဒီက အာရှဒေသအတွက် ရေနံဈေးနှုန်းရုတ်တရက်တိုးမြှင့်

လောင်စာဆီဈေးမြင့်တက်ဆော်ဒီအာရေဗျနိုင်ငံရှိ ရေနံနှင့်သဘာဝဓာတ်ငွေ့ကုမ္ပဏီကြီးဖြစ်သော ဆော်ဒီအာရမ်

အမေရိကန်အနေဖြင့် ယူကရိန်းသို့ တာဝေးပစ်ဒုံးများထောက်ပံ့ပါက ထိုပစ်မှတ်များကို တိုက်ခိုက်မည်ဟု ပူတင်သတိပေး

အမေရိကန်နိုင်ငံအနေဖြင့် ယူကရိန်းနိုင်ငံသို့ တာဝေးပစ်ဒုံးကျည်များ ထောက်ပံ့ပေးပါက    ထိုပစ်မှတ် အသစ်များကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ရုရှားသမ္မတဗလာဒီမာပူတင်က သတိပေးလိုက်သည်ဟု  Tass သတင်းဌာနက ဇွန် ၅ ရက်တွင် ဖော်ပြထားသည်။

ရုရှားက တရုတ်သို့ သဘာဝဓာတ်ငွေ့တိုးမြှင့်တင်ပို့ပေးနေ

ရုရှားနိုင်ငံရှိ ဂက်ဇပရွမ်စွမ်းအင်ကုမ္ပဏီက  ဆိုက်ဘေးရီးယားပိုက်လိုင်း မှတစ်ဆင့် တရုတ်နိုင်ငံသို့  သဘာဝဓာတ်ငွေ့ တိုးမြှင့်တင်ပို့ပေးနေကြောင်း သိရသည်။

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်ခန်းပြီးနောက် မြောက်ကိုရီးယားက ဒုံးကျည်ရှစ်စင်းပစ်လွှတ်

အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်ခန်းအပြီး နောက်တစ်ရက် ဇွန် ၅ ရက်တွင် မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည်ရှစ်စင်းကို အရှေ့ဘက်ကမ်းရိုးတန်း အလွန်ပင်လယ်အတွင်းသို့ ပစ်လွှတ်လိုက်ကြောင်း သိရသည်။

ဥရောပသမဂ္ဂကြောင့် တစ်စည်ကို ဒေါ်လာ ၁၃၀ အထိ မြင့်တက်လာနိုင်တဲ့ ရေနံစိမ်း

ဒီနှစ်ရဲ့ဒုတိယသုံးလပတ်အတွင်း ဘရန့်ရေနံစိမ်းရဲ့ ပျမ်းမျှဈေးနှုန်းဟာ တစ်စည်ကို အမေရိကန်ဒေါ်လာ ၁၀၇ ဒေါ်လာရှိနိုင်တယ်လို့ လေ့လာသူများကဆိုပါတယ်။

ထိုင်းအစားအစာပို့ကုန်ကဏ္ဍကို ခြိမ်းခြောက်နေတဲ့ အလုပ်သမားရှားပါးမှု

ရုရှား-ယူကရိန်းပဋိပက္ခနဲ့အတူ လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့နိုင်ငံရေး အခြေအနေများကြောင့်     ထိုင်းနိုင်ငံအစားအစာ ထုတ်လုပ်တင်ပို့မှု လုပ်ငန်းအနေနဲ့ ပြည်ပကနေ အမှာစာတွေကို တိုးမြင့်ရရှိ လာနေပါတယ်။

အီရန်က မြေအောက်ဒရုန်းစခန်းကို ထုတ်ဖော်ပြသ

အီရန်နိုင်ငံပိုင်သတင်းဌာနက မြင်ရခဲသည့် အီရန်၏ မြေအောက်ဒရုန်းစခန်းကို ထုတ်ဖော်ပြသလိုက်ပြီး ထိုစခန်းတွင် ဒရုန်းများမှာ အစီအရီရှိနေသည်ကို တွေ့ရသည်။

ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာခြင်း(၃)

ကိုလံဘီယာနိုင်ငံ၏ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို လေ့လာခြင်း(၃)

ယမန်နေ့မှအဆက်

  အဲဒီလိုနဲ့ဆွေးနွေးလာကြတာ ဆွေးနွေးမှု ရလဒ်တွေက တိုးတက်ကောင်းမွန်နေချိန် ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းမှာပဲ  FARC ဘက်က ကိုလံဘီယာ ရဲတပ်ဖွဲ့ဝင်နှစ်ဦးကိုပြန်ပေးဆွဲမှု၊ စစ်သည်လေးဦး သေဆုံးစေတဲ့ ခြုံခိုတိုက်ခိုက်မှု၊ နောက်ထပ် ရဲတပ်ဖွဲ့ဝင်သုံးဦးကို လုပ်ကြံသတ်ဖြတ်မှုတို့ ဖြစ်ပွားခဲ့ပါတယ်။